Jin hyung ကဗိုက်အောင့်တယ်ဆိုပြီး ရှုံ့မဲ့ကာအော်,အော် နေတော့ ပြန်လိုက်လာလိုက်သည်။ဟူးး ငါလည်းအခုပြောဖို့ဆို နည်းနည်းတော့ကြောက်သား။ငါ့ကိုဟိုကသိပ်ကျေနပ်သေးတာမဟုတ်ဘူး။ကောင်းပါတယ် နောက်နေ့မှပြောတာဘဲ။
ဟူးးဒီကောင်လေးကိုလည်းဘယ်ထိန်းရမလဲမသိဘူး။ဟိုအကြောင်းပြောပြလိုက်ရမလား။မကောင်းပါဘူး။
ဗိုက်အောင့်တယ်ဆိုပြီး ရှုံ့မဲ့နေတာကတမျိုး၊ကိုယ်ဘာဟာကိုယ်စဉ်းစားပြီးရှုံ့မဲ့နေတာကတမျိုး၊jin ကိုကြည့်ကာ Jungkook သည်စိတ်ညစ်နေသည်။အိမ်ထဲပြန်လျှောက်လာပြီးအပေါက်ဝရောက်တော့။
Jk:"Jin hyung ဟိုမှာ ရှိတယ် သွားပြပါလား ဒီလောက်ဗိုက်အောင့်နေရင် သူကဆရာဝန်မလား"
လက်ကိုလာဆွဲပြီးပြောနေတော့ ကိုယ်လည်းဟန်ပြရှုံမဲ့ပြနေပြီး လက်ညိုးထိုးပြတဲ့သူကိုလှည့်ကြည့်လိုက်တော့။မျက်လုံးပြူးသွားပြီး အမြန်ပြန်လှည့်ကာ
"ဘာမှမဖြစ်ဘူး သခင်လေး နည်းနည်းဘဲအောင့်တာပါ အိမ်ကဆေးလေးသောက်ရင်ပျောက်ပါတယ် လာ သွားမယ်"
"ဘယ်သွားမို့လဲ ဘာနည်းနည်းအောင့်တာလဲ ဒီလောက်ရှုံ့မဲ့ပြနေတာ သွားပြလိုက်ပါ သူက တခန်းတည်းနေတဲ့သူဘဲဟာ"
"ရတယ် မပြပါဘူး သွားမယ်"
"ပြလိုက်ပါ လာ"
နှစ်ယောက်သား တွန်းလိုက်ပြန်ဆွဲလိုက်နဲ့အလုပ်ရှုပ်နေသည်။
ရေချိုးပြီး လမ်းထွက်လျှောက်ဖို့ထွက်လာလိုက်သည်။မနက်ကအကြောင်းကိုလည်းစဉ်းစားရင်း။အခန်းထဲကထွက်လာတော့ တံခါးဝရှေ့ Jin hyungနဲ့ Jungkook ဘာဖြစ်နေကြတာလဲမသိဘူး အပေါက်ဝမှာ။အနားသို့လျှောက်သွားလိုက်သည်။
"Hyung ကလည်း ဆရာဝန်ဆိုတော့သိမှာပေါ့ သွား မဟုတ်ရင် ကျွန်တော်နဲ့လိုက်ခဲ့လာ jimin hyung ကိုသွားပြောကြမယ်လာ"
ပြဿနာဘဲ ဟိုမှာစကားပြောနေကြတာကိုလည်းမနှောက်ယှက်ချင်ဘူး။ဟိုတယောက်ကိုလည်းစကားမပြောချင်ဘူး။ဘယ်လိုလုပ်ရမလဲ။
"လာပြန်သွားမယ်"
"မသွား မသွားနဲ့"
"ဘာဖြစ်နေကြတာလဲ"
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...