ခြံထဲသို့ရောက်ပြီး Jimin hyung အိမ်လေးထဲဝင်သွားသည်။စက်ဘီးကိုယူပြီး အိမ်နောက်သွားမယ်အလုပ်။
အနောက်ကနေ လက်ကြီးပိုက်ကာ စူပုတ်ပြီး လှမ်းခေါ်သည်။
"Moe !!!!"
"အော် Jungkook ။အပြင်ဘာထွက်လုပ်နေတာလဲအေးတယ်လေ။လာဒီနားကို"
သူ့အား ခြုံထားတဲ့ပဝါကိုလှမ်းခြုံပေးကာ အိမ်ဆောင်သို့ဝင်လာသည်။မီးလင်းဖိုနားထိုင်ပြီး အနွေးဓာတ်ယူနေတုန်း သေချာကြည့်နေတာကြောင့်မေးလိုက်သည်။
"ဘာကြည့်နေတာလဲ ဘာပြောချင်လို့လဲ ဟင်"
"Moe နင် "
"အင်း ပြောလေ "
"နင် နင် Jimin hyung ကိုကြိုက်နေတာလား"
"အဟွတ်အဟွတ် ဟမ် ဘာတွေပြောနေတာလဲ"
သောက်နေတဲ့ရေနွေးတောင်သီးသွားတယ်။အခုဘဲပြန်ရောက်တယ် ဘာတွေမေးမှန်းမသိ။ခုနထဲကစူပုတ်နေတာ။
"မေးတာသာဖြေပါ"
"အင်း ဘာလိုမေးတာလဲ"
"သိချင်လို့ပေါ့"
"ဘာလို့သိချင်တာလဲ"
"ဘာလို့ဆို ငါ Jimin hyungကို.....အ...နင်ကလည်းရှည်လိုက်တာ မေးတာမဖြေဘူး ဘာလဲ နင်ကြိုက်နေလို့လား "
"ဟေ့ ဘာတွေကြိုက်နေကြတာလဲ သခင်လေးတို့"
Jin hyungအပေါ်ထပ်မှာဆင်းလာသည်။
Jungkookသေချာကြည့်နေပြီး မျက်လုံးပြူးကာ။"သခင်လေး သခင်လေးဘာလို့အပေါ်ကဆင်းလာတာလဲ"
"အော် ဟိုမှာ သခင်လေးjimin က ချမ်းပြီး နှာစီးချင်နေလို့လေ ဆေးသွားပေးတာ"
"အော် ဟုတ်တယ် ခုနကလာကြိုတုန်းကလဲ နှာစီးေနတာ အဲ့တာတောင် ကျွန်တော့်ကိုပဝါပေးလိုက်လို့နေမယ် သူခြုံဖို့ကို"
ထိုစကားကြားတော့ Jungkook Moe ကိုမျက်စောင်းထိုးကြည့်ကာ
"အဲ့တာနင့်ကြောင့်"
"ဟင် ဘာမှလဲမလုပ်ဘဲနဲ့ "
"မသိဘူး နင်ပဝါသွားယူလို့လေ"
"အ ......"
Moe ဘာမှဆက်မပြောတော့ပါ။
Jungkookဟာလေ ကျွန်တော့်အတွက်ဆိုဘယ်တော့မှမတွေးပေးဘူး။ဂရုလည်းမစိုက်ဘူးဘူး။ရပါတယ် ကျွန်တော်အသားကျနေပါပြီ။
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...