"ပြန်ရောက်ပါပြီ...."
"အော် ပြန်ရောက်ပြီလား Jiminie.. မင်းသူငယ်ချင်းရော...."
"ဟင် TAEHYUNG လား မသိဘူးလေ ကျွန်တော်က ဆိုင်ကပြန်လာတာ ဆိုင်မှာ အလုပ်လေးရှိလို့သွားတာ...."
"ဟုတ်လား ငါကိုပြောသွားတာတော့ မင်းဆီသွားတာတဲ့ ဒီကောင်ဘယ်ကိုသွားတာလဲမသိဘူး လိမ်သွားတယ် ပြန်လာရင်တွေ့မယ်..."
Jimin တယောက် ခေါင်းကုတ်ရင်းအပေါ်သို့တက်သွားသည်။
အခန်းထဲအရောက်အပေါ်ကုတ်အား ကုတင်ပေါ်ပစ်တင်ပြီး စားပွဲတွင်ထိုင်လိုက်သည်။အင်း....ဟိုကောင်ကိုဖုန်းဆက်ကြည့်ရမယ် ဘယ်သွားတာလဲမသိ။အကြောင်းသိထားမှ မဟုတ်ရင် ငါပါရောပြီး hyung ပွစိပွစိလုပ်တာခံနေရအုန်းမယ်။
📱👤တီ တီ တီ~~~📱Hello
📱ဟဲ့ရောင် မင်းဘယ်မှာလဲ ဘယ်သွားတာလဲ hyung ကို ငါ့ဆီလာတယ်ပြောသွားတယ်ဆို လာလည်းမလာဘဲနဲ့
📱ငါ ငါ ကလပ်မှာ ဟဲ့ရောင် (ဟာဗျာ ငြိမ်ငြိမ်နေပါဗျ)
📱ဘာ ကလပ်မှာဟုတ်လား TAEHYUNG ဟာ မင်းကတော့မွှေပြီ hyung က မင်းကိုပြောနေတယ် မင်းသူ့ကိုလိမ်သွားလို့တဲ့
📱အေး ဟုတ်တယ် ငါမင်းဆီသွားမယ်မှမပြောရင် ငါသွားရမှာမဟုတ်ဘူးလေ အဲ့တာကြောင့်ပြောလိုက်တာ (Tae လေးရေ သွားက ရအောင်)
📱ဟဲ့ရောင်မင်းမဟုတ်တာတွေမလုပ်နဲ့ကွာ
Jimin တယောက် ဖုန်းထဲကဘေးသံတွေကိုကြားပြီးစိတ်ညစ်နေပြီ။
📱မပူပါနဲ့ ငါ ဘာမှမလုပ်ဘူး ဒါနဲ့ he he ငါ့ကိုလာခေါ်ပေးပါလား
📱အေးအေး လာခေါ်မယ် စိတ်ညစ်တယ် တကယ်ဘဲ
Jimin လဲ ဖုန်းချပြီး ခုနကတင်ထားတဲ့ ကုတ်ကိုယူကာ အောက်သို့ဆင်းလာသည်။
"အဲ့တာဘယ်သွားမို့လဲ ..."
Hyung တယောက် အလုပ်လုပ်နေရင်း အသံခပ်မာမာမေးလာသည်။ကျွန်တော်လဲ သထွေးတချက်မြိုချကာ
"အ အ TAEHYUNG ကိုသွားခေါ်မလို့ သူ သူ ကလာခေါ်လို့ပြောလို့ ☺️"
Hyung ခေါင်းတချက်ညိတ်ပြသည်။ကျွန်တော်လည်း ကားအမြန်မောင်းကာ TAEHYUNG ပြောတဲ့လိပ်စာအတိုင်းမောင်းခဲ့လိုက်သည်။ဟိုကိုအရောက် ..
"Jimin na ..."
စားပွဲထောင့်တနေရာကနေအော်ခေါ်နေသည်။ဘေးမှာလဲ သူ့သူငယ်ချင်းနှစ်ယောက်ရယ် ကောင်မလေးတွေရယ် ဝန်းရံကာထိုင်နေသည်။မင်းကိုတော့ ငါစိတ်ညစ်တယ် ဘာတွေလုပ်နေမှန်းလည်းမသိ ။ကျွန်တော် ဒီလိုနေရာတွေကို လာရတာမကြိုက်။အ ရက်ကတော့ သောက်ပါတယ်။ဒါပေမယ့် ဒီလို့ မိန်းကလေးတွေနဲ့ အေပျာ်အပါးကို မကြိုက်ဘူးဆိုပါတော့။ကျွန်တော်ကမပွေမရှုပ်ပါဘူးဗျ😅😅 ဝင်ကြွားတာ။
"ဟဲ့ရောင်ထပြန်မယ်..."
"အား Jimin ပါလား လာထိုင်လေ လာ သောက်ကြရအောင် ငါ ဒကာခံတယ် လာ ..."
ဘေးနားက သူ့သူငယ်ချင်းက ငမူးအသံဖြင့်ပြောပြီး ကောင်မလေးတယောက်ကိုဖက်ထားလေရဲ့။
"ရပါတယ် ကျေးဇူးပါ မသောက်တော့ဘူး လာ TAEHYUNG ပြန်ရအောင်...."
"Imm.."
TAEHYUNGကိုမနည်းဆွဲခေါ်လာရသည်။ဘေးနားက သူငယ်ချင်းတွေရော ကောင်မလေးတွေကောက အတင်းမပြန်နဲ့လုပ်နေတော့။ကားပေါ်တက်တော့ သူကိုခါးပတ်ပတ်ပေးပြီး အနံ့က သောက်လာဟန်ရှိသည်။ပြဿနာဘဲတကယ့်ကို အိမ်ရောက်ရင်တော့နားညီးတော့မှာဘဲ။
"ဟဲ့ရောင် ငါ့ကိုရောမြင်သေးရဲ့လား အများကြီးသောက်လာတာလား ငါစိတ်ညစ်တယ်... "
"မြင်ရတာပေါ့ ဒီလုံးလုံးလေးကို အများကြီးမသောက်ပါဘူး တပုလင်းပါဘဲ😀.."
အေး ကောင်းတယ် တပုလင်းတဲ့ စည်ပိုင်းကြီးနဲ့ တပုလင်းလာမသိ။
အိမ်ပြန်ရောက်တော့ ကားပေါ်တွင် အိပ်ပျော်နေလေရဲ့ကျွန်တော်လည်းသူ့ကိုယ်ကြီးကိုမနိုင်နိုးရတော့တာပေါ့။
"ဟဲ့ရောင် ထ ထ မင်းကိုငါမသယ်နိုင်ဘူး ထ လို့ ...."
"ဟာကွာ baby ကလဲ မထချင်ပါဘူး..."
"Baby လုပ်မနေနဲ့ထ hyung စောင့်နေတယ်.."
"ဟင် hyung အင်း ထပြီ .."
Hyung ကျတော့ေကြာက်သားဘဲ။မ နိုင်မနင်းနဲ့ အိမ်ထဲသို့တွဲခေါ်လာသည်။hyung လဲကျွန်တော်တို့နှစ်ယောက်ကိုမြင်တော့ မျက်မှောင်ကျုံ့ကာ လာတွဲကူသည်။နှစ်ယောက်လုံးမနိုင်လို့ ဆိုဖာပေါ် ပစ်ချလိုက်သည်။ထိုနောက် hyung တယောက်ဘာမှမပြောဘဲ မီးဖိုချောင်ထဲဝင်သွားသည်မို့သေချာလိုက်ကြည့်မိသည်။အရင်ကဆို ဒီလိုဖြစ်လာရင်ပွစိပွစိလုပ်နေကျ အခုဟာကထူးဆန်းတယ်။တခုခုတော့တခုခုဘဲ။
တခုခုလုပ်မနေနဲ့ jimin ရေ ဟိုမှာ ရေခွက်ကြီးသယ်လာပြီ။
⛲⛲ဗျန်း⛲⛲
"အဟွတ်အဟွတ်အဟွတ် ဘယ်ကောင်လဲကွ ငါကိုရေပတ်တာ ထိုးခံချင်ပြီနဲ့တူတယ် .. "
ဘယ်ကောင်လဲလုပ်မနေနဲ့ မင်းအကိုဟေ မင်းအကို မူးမူးနဲ့သေချာမကြည့်ဘဲပြောနေတယ် သေတော့မှာဘဲ။
"ဘယ်ကောင်ကမလဲ မင်းအဘ Jung Hoseok ငါ့ကိုများထိုးမယ်လေး ဘာလေးနဲ့သေချင်လို့..."
နာမည်ကြားမှဘဲ မျက်လုံးပြူးသွားပြီးပြာပြာသလဲထလေသည်။
"ဟီးးး hyung ဘယ်တုန်းကရောက်တာလဲ လာထိုင်လေ ဘာသောက်မလဲ.."
ဟေ့ကောင် ဟာ ဘာတွေပြောမှန်းမသိ ဆိုင်မှာမဟုတ်ဘူး အိမ်မှာ အော် ဝင်ပြောလို့ကလည်းမရ ပြောရင် ငါ့ပါလာပြီးအမှုပတ်နေမယ်။
"ဒိန်...အေး အမူးပြေသွားပြီလား မင်း မင်းကတော့သေတော့မယ် ငါ့ကိုလိမ်သွားတယ်ဟုတ်လား.."
ခေါင်းအခေါက်ခံရတော့ အမူးပြေဟန်တော့ရှိ 😀
"ဟီးး hyung ကလဲတခါတလေမှပါ ထမင်းစားပြီးပြီလား မွ မွ ဟီးး.."
"ဟေ့ကောင် ဖယ်စမ်း သွား အပေါ်တက်တော့ ..."
အေးလေ သွားနမ်းနေတယ် နမ်းချင်စရာလဲမရှိဘဲနဲ့ အဲ့ ကြားသွားလို့ ငါပါ လာပြောနေအုန်းမယ်။တက်တာဘဲကောင်းတယ်။Taehyung ကိုအပေါ်ခေါ်ပြီးတက်ခဲ့လေသည်။ဘာတွေသဘောကောင်းနေလဲမသိ ဘာမှတောင် သိပ်မပြောဘူး ကောင်းပါတယ် နားညီးသက်သာတာပေါ့။အော် မေ့နေတာ နယ်သွားရမှာပြောရအုန်းမယ် မနက်ကျမှဘဲပြောတော့မယ်။ကျွန်တော်လည်း အလုပ်ကပင်ပန်းနေတာလည်းပါ ဟိုတယောက် ဝက်ကိုတွဲရတာလည်းပါ ပင်ပန်းတာနဲ့ တခါထဲအိပ်ပျော်သွားသည်။
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...