Moe က လန့်ပြီး ကျွန်တော့်အားလာဖက်၍ ပြန်ဖက်ထားလိုက်ပြီး သတိပြန်ကပ်အောင်ခေါ်ကြည့်တော့ မျက်လုံးလေးပွင့်လာကာမော့ကြည့်သည်။မျက်ရည်စလေးတွေနဲ့ပေါ့။ဟုတ်ပါတယ် ဒီမျက်လုံးတွေ ညီမလေးနောက်ဆုံးကြည့်သွားတဲ့မျက်လုံးတွေ။ကျွန်တော်မျက်နှာကမျက်ရည်တွေအားသုတ်လိုက်ပြီး
""Moe အဆင်ပြေရဲ့သာ ဟင် ရေသောက်လိုက်အုန်းနော်"
"ဟုတ်"
ရေသောက်ပြီး မျက်နှာမှမျက်ရည်တွေကိုသုတ်ပေးလိုက်ပြီး ကျောလေးကိုပွတ်ပေးနေတုန်း တံခါးကို ဆောင့်ကန်ပြီးဖွင့်လာသောအသံ။ကျွန်တော်တို့နှစ်ယာက်လုံးလန့်ပြီး ကြည့်လိုက်တော့ မျက်လုံးတွေနီရဲတောက်ကာ ဒေါသထွက်နေသည့်ပုံစံ။"Jungkook!!!!"
"မင်း ဖြည်းဖြည်းဖွင့်လို့မရဘူးလား။နေမကောင်းတဲ့သူရှိတာနားမလည်ဘူးလား!!!"
"အော် ဟုတ်လား နေမကောင်းတဲ့လူက မခွဲနိုင်မခွာနိုင်နဲ့ ဖက်နေတာပေါ့!!!!"
Moe ခုတင်ပေါ်မှဆင်းလာကာ Jungkookနားလာသည်။မျက်နှာကလည်းဖြူဖျော့နေတာဘဲ။
"Jungkook မဟုတ်ဘူး ငါ ငါ ဟိုအိမ်မက်ကိုပြန်မက်ပြီး လန့်သွားလို့ ဖက်မိတာပါ။နင်ထင်သလိုမဟုတ်ဘူး"
"အပိုတွေလာပြောမနေနဲ့ ဘာလဲ နင်သူ့ကိုသိပ်လိုချင်နေတာလား ဟမ် ဘာလဲ နင်ငယ်ငယ်ထဲက ငါနင့်ကိုဦးစားမပေးခဲ့လို့ ငါ့ဆီကပြန်လုချင်နေတာလား!!!!"
"မဟုတ်တာတွေမပြောနဲ့ နင်ဆီကဘာမှမလိုချင်ဘူး Jungkook"
"အ"
Moe က Jungkook လက်ကိုသွားကိုင်လိုက်တော့ အားနဲ့ ခါထုတ်လိုက်သည်။moe ခုတင်နားသို့ကျသွားပြီး ခုတင်ဇောင်းနဲ့ ရိုက်မိသွားသည်။Moe နားကို အမြန်သွားကာ ထိုင်လိုက်ပြီး ဖက်ထားမိလိုက်သည်။
"မင်း လူစိတ်မရှိတဲ့ကောင် ဖျားနေလို့အားမရှိတဲ့လူကို ဒီလောက်လုပ်စရာလား!!!!"
အမှန်တော့ Jungkookလည်းလန့်သွားသည်။မှန်ပါသည်။ခါထုတ်လိုက်တာ အရှိန်အရမ်းမယားသွားတယ်။သွားထူပေးမယ်လုပ်တော့ သူကအသည်းအသန်သွားတယ်လေ အဲ့တာနဲ့ ဆက်ရပ်နေလိုက်မိတယ်။ပြီးတော့ပြောတယ် ဘာ လူစိတ်မရှိတဲ့ကောင်။
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...