Jimin hyungပုံစံကိုမြင်ပြီး အရမ်းဒေါသထွက်သွားသည်။သူဘာလို့ဒီလိုလုပ်ရက်ရတာလဲ။ဒေါသထွက်ပြီး လည်ပင်းစဆွဲမိလိုက်သည်။ပြောတယ် ဘာတဲ့ ဘယ်လိုလဲအရမ်းနာကျင်ရလားတဲ့လား။နင်ထင်တာတွေမှားနေတယ်ဆိုတာဘယ်တော့သိမှာလဲ။"Jungkook!!!!!!"
"Moe!"
"Hyung ကျွန်တော့်ကိုမတားပါနဲ့ သူလုပ်တာအရမ်းလွန်တယ် "
"လွန်တယ် လွန်တယ်တဲ့ နင်ကမှလိုတာ သူများလက်ထပ်မဲ့ယောကျာ်းကိုလာလုနေတာလဲ!!!!နင် အရှက်မရှိဘူးလား !!!!ဖယ် နင်သူ့အသားကိုမထိနဲ့!"
"Jungkook!!!"
ဟဟ ဘာလဲ Moe လိုက်ကို သူ့လက်ကနေဖြုတ်ချလိုက်လို့ လာအော်တာတဲ့လား။
"ပိုပြမနေနဲ့ အဲ့လောက်နဲ့မသေဘူး"
"မင်း မင်းလိုချင်တာငါမလား ငါမင်းကိုလက်ထပ်မယ် ဒါပေမယ့် အချစ်တော့ရမှာမဟုတ်ဘူး!!!!!"
"Hyung!"
"Moe ထားလိုက်တော့ ကိုယ်ဘာမှမဖြစ်ဘူး ဟုတ်ပြီလား။လာ သွားရအောင် hyung ကိုလိုက်ပို့ပေးနော်""ဟုတ် ဟုတ်ကဲ့ hyung"
"လာသွားကြမယ်"
အားလုံးက jimin ကို ဝိုင်းကူတွဲပြီးထွက်သွားကြသည်။
Jungkookတယောက် အခန်းထဲတွင် မတ်တပ်ရပ်ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။yoongi Jungkookနားသွားပြီး"မင်းစိတ်လျှော့ပါ မင်းသူ့ကိုအပြစ်မတင်နဲ့ မင်းတနေ့သိလာမှာပါ"
ပြောပြီးထွက်သွားသည်။တံခါးပိတ်သံကြားသည်ဖြင့် ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီးခုတင်ကိုမှီထားလိုက်သည်။ ငါမှားသွားပြီလား။
Jimin အခန်းထဲ အားလုံးရှိကြပြီး တယောက်တနေရာစီထိုင်၍သက်ပြင်းချနေကြသည်။
Moe ကတော့ လက်တွေကိုဆေးလိမ်းပေးနေသည်။လိမ်းပေးနေရင်း jimin ကMoe ကိုသေချာကြည့်နေတော့"Hyung ကျွန်တော့်ကိုပြောစရာရှိလို့လား"
"အင်း"
"ပြောလေ "
"နှစ်ယောက်ထဲပြောချင်တာ"
"အ ok hyungတို့ ခဏလောက်အပြင်ထွက်ပေးပါလားဟင် "
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...