အားလုံးလူစုံနေပြီ။Moe က ထွက်မလာသေးဘူး။အဲ့ဒါနဲ့ Hoseok ကမေးလိုက်တော့ Jin hyung က ဟိုမှာဆိုပြီး လက်ညိုးထိုးပြကာ အားလုံး လှည့်ကြည့်ကြသည်။
အားလုံးက ပြုံးကာ ကြည့်နေကြပြီး jimin hyung , jimin hyung တယောက်ဘဲ ကြောင်ကြည့်နေသည်။
Moe ကို လှည့်ကြည့်လိုက်တော့ ကျွန်တော် လန့်သွားသည်။ အဝတ်အစားက ညီမလေးနဲ့ နောက်ဆုံး သွားခဲ့ပြီး ရေတံခွန်မှာ ပြုတ်သွားတုန်းက အဝတ်အစားနဲ့တူတူဘဲ။ အဖြူရောင် crop top လေးနဲ့ ဘောင်းဘီအမဲ။အဲ့တုန်းက အတင်းတွေကို ဝတ်ချင်ပါတယ် လုပ်လို့ ဝတ်ခိုင်းလိုက်တာ ခါးတို အင်္ကျီ ကို။ဗိုက်က ပူပူလေးနဲ့ မလှပါဘူးဆိုတာကို အတင်း ဂျီကျလို့ မေမေက မဝတ်ခိုင်းတာ။အခုတော့ ဒီပုံစံနဲ့ဘဲ အဲ့နေရာကိုထွက်သွားအုန်းမှာလား။အရင်ကလို မဖြစ်ပါစေနဲ့။
Jimin နောက်ကို နည်းနည်းယိုင်သွားကာ Jungkook က ထိန်းပေးလိုက်ပြီး တိုးတိုးလေးမေးလိုက်သည်။
"Hyung အဆင်ပြေရဲ့လား ဘာဖြစ်တာလဲ"
"ဟမ် အင်း ဘာမှမဖြစ်ဘူး ရတယ်"
သေချာမတ်တပ်ပြန်ရပ်ကာ
JM:"သွားမယ်လေ"
V:"အေး သွားကြမယ် လာ hyung "
အကုန်လုံး ထွက်သွားကြသည်။moe လည်း ခြံထဲ ကိုလမ်းလျှောက်လာပြီး သွားမယ်လုပ်တော့နောက်ကနေ Jungkookနဲ့ Jimin က လှမ်းခေါ်သည်။
Moe:"hyung ....Jungkook ဘယ်လိုလဲ အဆင်ပြေသွားပြီလား"
Jk:"အင်း"
Moe မျက်နှာကတော့ ရွှင်ရွှင် လန်းလန်းပါဘဲ။ဘာမှ စိတ်ပူနေပုံတော့မရဘူး။
လမ်းလျှောက်ထွက်လာရင်း Jungkook Moe နားကပ်ကာ
"ငါ့နားမှာဘဲ နေနော်"
Moe Jungkook ကို ကြောင်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
V:"ကယ် လာကြလေ !!!! နှေးတုံ့ နှေးတုံ့ နဲ့ "
JM:"အေး!! လာပြီ!!"
Moe ပြတဲ့နေရာတွေကိုလိုက်ကြည့်ကြပြီး နေဆုံးနေရာကိုရောက်ခဲ့ကြသည်။
ရေတံခွန်နားကိုရောက်လာပြီ။ဘာတွေဆက်ဖြစ်မလဲဝော့ မသိ။ ခုလောလောဆယ် တော့ Taehyungတယောက်အရမ်းကိုပျော်ရျှင်နေသည်။yoongi hyung လက်ကိုဆွဲကာ ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့။ဓာတ်ပုံကလည်း ရိုက်ခိုင်းရတာ မနည်းမနော။jin hyung နဲ့ namjoon hyung တို့ကိုကလည်း အခြေအနေကောင်းနေဟန်တူသည် ပြုံးဖြီးနေကြပြီး စကားပြေနေကြသည်။jiminနဲ့ Jungkook ကတော့ လက်ကလေးတွဲကာ Jungkookက ဟိုးကိုထိုး လိုက် ဒီကိုလိုက်နဲ့ ရှင်းပြနေသည်။ ဒီနေရာက မြင့်တော့ ရူခင်းတွေကတော်တော်လှတာကို။ ရူခင်းတွေလှနေပေမဲ့လည်း ကျွန်တော် ဂရုမစိုက်နိုင်ပါ Moe ကိုသာ အရိပ်တကြည့်လိုက်ကြည့်နေမိသည်။
Jungkookနဲ့ jimin လည်းတူတူပါဘဲ လိုက်ဂရုစိုက်မိနေသည်။Moe က စရောက်ထဲက ဘာစကားမှမပြောတော့ ငြိမ်ငြိမ်လေးနေကာ ဘာတွေစဉ်းစားနေလဲတော့မသိ။
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...