Part 16

679 76 6
                                    

မင်းငါ့ကိုလိုချင်တယ်ဆိုတာငါသိတယ်။ဒါပေမယ့် ငါ့ဘက်ကဘဲတဖက်သက်ချစ်နေပြီး မင်းက လိုချင်တာတခုတည်းနဲ့ရရယူမှာကိုမ
လိုလားဘူး။ငါချစ်နေပေမယ့် မင်းဘက်ကငါ့ကိုမချစ်၊မ နှစ်သက်၊မ နားလည်သ၍တော့ ငါတို့နှစ်ယောက်မဖြစ်နိုင်ပါဘူး။
_____________________________________
အားလုံး မနက်စာ စားကြရန်ရောက်လာကြပြီး ထမင်းစားခန်းထဲတွင်
အားလုံးငြိမ်သက်နေကြကာ အဖွားကထူးဆန်းနေသည်။အရင်ဆို ထမင်းစားရင် စကားပြောဆူညံနေကြလို့အဖွားဆူရသည်မလား။အခုတော့။

"မြေး‌လေး Moe ခရီးသွားရတာအဆင်ပြေရဲ့လား။ဟိုကမြေးကကော နေရထိုင်ရတာအဆင်ပြေရဲ့လား။"

NJ:"ဟုတ်ကဲ့ အရမ်းအဆင်ပြေပါတယ်အဖွား"

မျက်နှာမှပါးချိုင့်ခွက်သည်ထိပြုံးဖြီးကာပြောနေသည်။jin တယောက်တော့ဆူပုတ်နေရင်းပလုတ်ပလောင်းစားနေသည်။

Moe:"အဆင်ပြေပါတယ် အဖွား ဟိုအဖွား ကျွန်တော်ထမင်းစားပြီးရင်ပြောစရာရှိတယ်အဖွား"

"အင်း ပြောလေ အဖွားဧည့်ခန်းမှာစောင့်နေမယ်"

Moe:"ဟုတ်ကဲ့"

Jk:"အဖွား လက်ထက်ပွဲကဘယ်တော့လုပ်မှာလဲ"

စားသောက်နေရင်းမှရုတ်တရက်ကြီးထမေးလာသည်။

"အဲ့တာက မြေးတို့သဘောပါ အဖွား‌ကအတင်းအကျပ်မပြောပါဘူး"

Moe:"အဖွား ကျွန်တော်ပြောမှာ အဲ့တာပါတယ် "

Jungkookမပြောခင် Moe အမြန်ဖြတ်ပြောလိုက်သည်။jungkook ဘာပြောမလဲဆိုတာကို သူသိပါသည်။နှစ်ဖက်လုံးက မုန်းနေကြပြီးတော့လက်မထက်စေချင်ဘူး။

အားလုံးစားပြီးသောက်ပြီးကြသည်နှင့်ထထွက်သွားကြသည်။jin  တို့ကတော့ jimin ဆီသွားကြသည်။
Moe ကတော့ အဖွားနဲ့စကားပြောပြီး နောက်မှလိုက်ခဲ့သည်။

Moe အဖွား ဖြစ်ကြောင်းကုန်ဆင်အကုန်ပြောပြလိုက်သည်။အဖွားမှာသက်ပြင်းတွေချကာ

"ဒီကလေးတော့လေ အရုပ်များမှတ်နေလား လုနေရအောင်။မလွယ်ဘူး"

"အဲ့တာကြောင့်နည်းနည်းလောက်နောက်ဆုတ်ပေးပါအဖွား မချစ်မနှစ်သက်ဘဲ လက်ထက်လိုက်ရင် ပိုဆိုးနိုင်တယ်။ပြီးတော့ ဒီကြားထဲတွင်း ကျွန်တော်ကြိုးစားကြည့်ပါ့မယ် အဖွား"

ပန်းရောင်လေးနဲ့ကျွန်တော်Where stories live. Discover now