Moe တို့မုန့်စားပြီးသွားတော့ Moeနဲ့ Jungkookစကားပြောနေကြသည်။ခဏကြာတော့ Moe ကထပြီး
"အ ကျွန်တော် အိမ်သာသွားလိုက်အုန်းမယ်
ဒါနဲ့ Jungkookနင် hyung ကို ပန်းသီးခွာပေးလိုက်နော် ထွက်လာရင်ငါလည်းစားမယ်""အင်း ခွာပေးမယ်"
"Moe ရရဲ့လား မူးနေအုန်းမယ်နော် "
"ရပါတယ် hyung ရဲ့"
အိမ်သာထဲသွားပြီး တံခါးလေးဖြေးဖြေးလေးဟကာခိုးကြည့်နေလိုက်သည်။
Jungkook တယောက်ထကာ ပန်းသီးယူပြီးခွာပေးနေသည်။
အိမ်မှာဆိုအဖွားကိုအော်ပြောလိုက်တာ၊အိမ်ကသူတွေကိုအော်ပြောလိုက်တာနဲ့ ဘော်ကျော့။အခုတော့ ပန်းသီးခွာတာ အခက်တွေ့နေပြီး တုန်စိတုန်စိနဲ့ခွာနေတယ်။
Jimin လည်း မျက်နှာကိုစူပုတ်ထားကာ မျက်စောင်းထိုး၍ကြည့်နေမိသည်။
လှည့်ရီပြပြီး ဆက်ခွာနေလေရဲ့။ဒီတသက်ပြီးတော့မှာလား။"ပေး ခွာပေးမယ် ခွာတတ်တာလဲမဟုတ်"
"ရပါတယ်"
"ပေးစမ်းပါ ဒီတစ်သက်ကောစားရအုန်းမှာလား။သူ့ခွာတာစောင့်နေရတာနဲ့ လူနာကစားရမှာတောင်မဟုတ်ဘူး ပေး ဒီကို!"
"ရပါတယ် ခွာတတ်ပါတယ် ပေးပါ"
"ပေးပါဆို"
"ရပါတယ်ပေးပါ"
နှစ်ယောက်သားပန်းသီးတစ်လုံးကိုလုနေကြတာမပြီးနိုင်။moe လည်း ကြည့်နေရာကနေစိတ်ညစ်လာပြီး ထွက်မယ်အလုပ်။
"အား!!!!"
နှစ်ယောက်သားလုနေရင်း အလယ်ကဓားကိုင်ထားရာ လက်ရှသွားသည်။ထိုအော်သံမှာ park Jimin အသံ။
ဒါပေမယ့် ရှသွားတာ Jungkookပါနော်။Jungkookခမျာ လက်ရှသွားကိုမအော်ရဘဲ jimin ကအော်လိုက်လို့ လန့်ကာမျက်လုံးပြူးပြီးကြောင်တောင်တောင်နဲ့ကြည့်နေသည်။
"တွေ့လား ရှကုန်ပြီ။ ဟူး ဟူး"
ရှသွားတဲ့လက်ကိုသာသာလေးကိုင်ကာ တဟူးဟူးနဲ့မှုတ်ပေးနေသည်။jungkook လည်း ထိုနှုတ်ခမ်းတထော်ထော်နဲ့မှုတ်နေသောသူကို အသည်းယားလာကာ မျက်နှာလွဲထားလိုပ်သည်။
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...