အဖွားတယောက် Moe ပြောတဲ့စကားကိုကြားပြီးလန့်သွားသည်။
"ငါ့မြေးကသေချာလို့လား"
"ဟုတ် သေချာတယ်အဖွား"
"အင်း......အဲ့တော့ ငါ့မြေးလေးကဘယ်လိုလုပ်ချင်လဲ"
"ဟမ် ဘာကိုလဲအဖွား"
"အော် ငါ့မြေးမလေးက အခုက Jimin ရဲ့ညီမလေးဖြစ်သွားပြီဆိုတော့ ဆိုးလ်ကိုများလိုက်သွားချင်လားလို့ပါ"
"ဗျာ!!!"
Moe အဖွားကိုသေချာကြည့်ပြီးထအော်မိလိုက်သည်။ဟုတ်တယ်လေ။ဘယ်တုန်းကမှအဖွားနဲ့အဝေးမှာမနေဘူးဘူး ဒီအိမ်တော်နဲ့ရောဘဲ၊ကျောင်းတက်တုန်းကဘဲ ခွဲဘူးတာ၊ဒါေတာင်ဖုန်းခဏခဏဆက်လို့ အဖွားမနည်းတားယူထားရတာ။အခုဟာက ဆိုးလ်ကိုလိုက်သွားဖို့အတင်းလွှတ်နေတာလား။ပြီးတော့ ကျွန်တော့်အကိုတွေနဲ့ခွဲပြီးတော့လေ။မဖြစ်နိုင်တာတွေ။
"ဟုတ်တယ်လေ မြေးမလေးကလိုက်သွားရမှာပေါ့ ဆိုးလ်မှာက တိုးတက်စရာတွေအများကြီး ပြီးတော့ Jimin ရဲ့မိဘတွေလည်း ဆိုးလ်ကိုရောက်လာတော့မယ်"
JM:"ဗျာ အဖေနဲ့အမေက ပြန်လာမယ်"
"ဟုတ်တယ်မြေးရဲ့ ဒီကိုခဏလာမယ်တဲ့ ပြီးတော့ Jimin ကို ဆိုးလ်ကိုခဏပြန်ခေါ်သွားမယ်ပြောတယ်"
"ဗျာ"
Jimin Jungkook ကိုလှည့်ကြည့်လိုက်တော့
မျက်နှာညိုးနေကာ အဖွားကိုသေချာကြည့်နေသည်။Moe:"အဖွား!! ကျွန်တော်လည်း ဘယ်မှမသွားနိုင်ဘူး Jimin hyung လည်းဘယ်မှမသွားရဘူး ဘာလို့လဲ အဖွား ဘာလို့ ကျွန်တော်ကိုနှင်ထုတ်ချင်နေရတာလဲ ဘာလို့လဲကျွန်တော်က အဖွားမြေးမဟုတ်တော့လို့လား ပြီးတော့ ကျွန်တော် ကျွန်တော်က ဒီအိမ်နဲ့မခွဲနိုင်တဲ့သူပါ ဘာလို့လဲဗျာ ဘာလို့ နှင်ထုတ်ချင်ရတာလဲ ပြီးတော့ Jungkookနဲ့ Jimin oppa နဲ့က ကြိုက်နေတာ!!!!"
Moe အရမ်းကိုဒေါသထွက်နေပါပြီ။အဖွားရယ်မေ့နေတာလားဗျာ။Moe က ငယ်ငယ်တည်းကအိမ်နဲ့ဝေးတဲ့နေရာဘယ်နေရာမှမသွားပါဘူးဆိုမှဗျာ။
Jk:" Moe စိတ်လျှော့အုန်း"
Moe:"အဖွား ကျွန်တော်တကယ်ပြောတာနော် လုံးဝမသွားနိုင်ဘူး သွားမယ်ဆို ကျွန်တော်အကုန်လုံးကိုခေါ်သွားမယ်"
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...