Part 18

688 75 6
                                    

Jiminတို့ Moe နဲ့ စကားပြောပြီးရီမောနေကျချိန်တံခါးပွင့်လာသည်။တံခါးပေါက်ဝနားတွင်ရပ်နေသောသူ။မျက်နှာတွင်မျက်ရည်စတွေဖြင့် ခဲရောင်အင်္ကျီဝတ်နဲ့အောက်ဘောင်းဘီအမဲအပွကိုဝတ်ထားသည်။ထိုလူကိုမြင်သည်နှင့်အားလုံးတိတ်ဆိတ်သွားသည်။

Jungkook တံခါးဖွင့်ပြီးဝင်လာတာနဲ့ ခုတင်ပေါ်တွင် ဆေးအပ်များလက်တွင်းထိုးထားကာ မျက်နှာကဖြူဖျော့နေသောသူကိုတွေ့၍ရင်ထဲတွင်နာကျင်လိုက်ရသည်။ခုတင်နားသို့ပြေးသွားပြီး

"Moe နင် ဘာမှမဖြစ်ဘူးမလားဟင် ငါ ငါတောင်းပန်ပါတယ် ငါ့ကိုမဟုတ်ဘူးလို့ပြောပေးပါနော် ဟင့် ငါနင့်ကိုဘာမှမပြောတော့ပါဘူး နင်ရှင်းပြပါ နင်ရှင်းပြတာနားထောင်ပါမယ် နော် Moe "

ပြောနေသောသူသည်မျက်ရည်တွေဖြင့်ပြောနေသည်။Jimin သည် ထိုလူကိုကြည့်ပြီးသနားမိသဖြစ်ပေမယ့် သူ့ကိုပြောခဲ့တဲ့စကားတွေပြန်ကြားယောင်လာကာ မတ်တပ်ထရပ်ပြီးjungkook ကိုလက်မောင်းကဆွဲထူပြီးပြောသည်။

"ထွက်သွား မင်း ထွက်သွား!!! မနှောက်ယှက်ပါနဲ့တော့ သူလည်းမင်းကြောင့်နဲ့ဆေးရုံရောက်နေရပြီ တော်ပါတော့!!ထွက်သွား မင်းဒီကိုမလာနဲ့!!"

Jimin ကိုအားလုံးကဝိုင်းဆွဲကြသည်။

"မသွားဘူး Moe ငါ့ကိုပြန်ပြောပါအုန်းဟာ ငါ့ကိုရှင်းပြပါ ငါမှားတာကိုပြောပြလေဟာ ဟင့် Moe"

"ထွက်သွားလို့ပြောနေတယ်လေ!!!"

"မသွားဘူး ကျွန်တော်သူနဲ့ပြောစရာရှိတယ် မသွားနိုင်ဘူး!!"

"မင်း!!"

Jimin တယောက်စိတ်မထိန်းနိုင်၍ထိုးလိုက်မိသည်။Jungkook ကနဂိုထဲကအားကြီးသူမို့ ယိုင်သာယိုင်သွားသည်။Moeက Jungkookလက်မောင်းလေးကိုဆွဲကိုင်လိုက်ပြီး

"Jimin hyung ကျွန်တော်သူနဲ့ပြောစရာရှိတယ် နေခိုင်းလိုက်ပါ"

"Moe !!သူ!!"

"Hyung ကျွန်တော်အဆင်ပြေတယ် yoongi hyung ,jimin hyung ကိုခေါ်သွားလိုက်ပါနော်"

Jimin ကိုဆွဲခေါ်သွားပြီး အားလုံးအခန်းပြင်ထွက်လာကြသည်။Taehyung လည်းတွေးနေရာကနေမနေနိုင်တဲ့အဆုံးထမေးလိုက်သည်။jimin လက်ကိုဆွဲကာ အခန်းထောင့်တနေရာသို့ခေါ်သွားလိုက်သည်။ကျန်တဲ့သူတွေလည်း အခန်းနား‌တွင်သာစောင့်ကြည့်နေကြသည်။

ပန်းရောင်လေးနဲ့ကျွန်တော်Where stories live. Discover now