အခန်းထဲနေရတာပျင်းတာနဲ့အိမ်အောက်ကိုဆင်းလာတော့ အိမ်အကူအဒေါ်ကြီးက မီးပူတိုက်ပြီးသားအဝတ်တွေသယ်လာတာတွေ့လို့ ယူထားလိုက်သည်။
"အဒေါ် ကျွန်တော်ဘဲ သွားထားလိုက်မယ် "
"ရပါတယ်ကွယ် အကိုလေးပင်ပန်းနေပါအုန်းမယ် တနေရာစီလိုက်ထားရမှာ"
"ရပါတယ် အဒေါ်ရဲ့ ကျွန်တော်လည်းအားနေတာ ပေးပါနော်"
"ကယ် ပြောမရလဲ ဟုတ်ပါပီကွယ် ကျေးဇူးပါနော်"
ကျွန်တော်လည်းအဝတ်ခြင်းတောင်းကြီးမကာ ကျွန်တော့်အဝတ်အစားတွေကိုအရင်အခန်းထဲထားလိုက်သည်။ပြီးမှ Jin hyung , yoongi hyung , hoseok hyung , Moe တို့အခန်းထဲလိုက်ထားပေးလိုက်သည်။ဟိုသုံးက အခန်းထဲမှာမရှိ။ဘယ်သွားနေဝာာလဲမသိဘူး။Taehyung အခန်းကိုလျှောက်လာလိုက်ပြီး တံခါးလည်း ဟနေတာတွေတော့ အသာလေးဝင်ကာ လန့်အောင်စမလို့ရှိသေး။ကြားလိုက်ရတာက Moe၊ moe က ငါ့ရဲ့ညီမလေးတဲ့လား။ငါ့ရဲ့ တဦးတည်းသော ညီမလေးလေ။
ကျွန်တော်ကိုတွေ့တော့ လန့်နေကြသည်။အနားကိုလျှောက်သွားလိုက်ပြီး"ခုန ခုနကဘာပြောလိုက်တာလဲ Moe က ကျွန်တော့်ညီမဟုတ်လား"
V:"Jimin အ အဲ့တာ အဲ့တာကလေ"
JH:"နားကြားလွဲတာပါ Jimin ရဲ့"
Jin:"ဟုတ်ပါတယ် သခင်လေးရဲ့ မှားကြားတာနေမှာပါ"
YG:"အင်း ဟုတ်တယ်"
Yoongi ကတော့ လိမ်မပြောချင်ပါ။ဒါပေမယ့်လည်းမသေချာဘဲသွားပြောရင် တကယ်လို့မဟုတ်ခဲ့ရင် စိတ်ဆင်းရဲကြလိမ့်မယ်။
"ဘာလို့ လာ လိမ်နေကြတာလဲ!!"
"ဘာလို့ မပြောပြနိုင်ရတာလဲ"
"Taehyung ငါ့ကိုပြောပြပါကွာ ငါ ငါ့ညီမလေးကို ဘယ်လောက်လိုက်ရှာနေလဲမင်းလည်းသိမှာပါ ဟင်"
လက်ကိုလာကိုင်ပြီး မျက်ရည်လေးတွေဝိုင်းကာလာပြောနေတော့ taehyung လည်းမတတ်နိုင်။
V:"မင်းကိုပြောပြမယ် ဒါပေမယ့် မင်း တကယ်လို့မဟုတ်ခဲ့ရင် စိတ်မပျက်ဘူး ဘာမှမဖြစ်ပါဘူးလို့ကတိပေးရမယ်"
ဟုတ်တယ်။အရင်ကလည်း ဒီလိုဘဲတယောက်တွေဘူးတယ်။moe လောက်တော့မနီးစပ်ပေမယ့်။တကယ်တမ်းကျမဟုတ်ဘူး။ရှာတွေ့တဲ့သူကိုဆုငွေချီးမြှင့်မယ်ဆိုလို့ လာလိမ်သွားကြတာ။အမှန်ကိုသိတော့ Jimin အရမ်းစိတ်ထိခိုက်ပြီး ဆေးရုံတောင်တက်လိုက်ရတယ်။jimin အမေတို့ကလည်းပြောပါတယ် အရမ်းအတင်းကျပ်စိတ်သောကမခံပါနဲ့လို့။ဒါပေမယ့်မရပါဘူး Jimin က မိဘတွေကိုတောင် ပြန်နှင်ထုတ်ပြီး နိုင်ငံခြားမှာဘဲနေခိုင်းလိုက်သေးတယ်။
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...