"ဟီဆွန်း လွှတ်ပါ Jayမြင်သွားရင်မကောင်းဘူး"
လက်ကို ဆွဲကာ တားထားသော ဟီဆွန်းကြောင့် ဆောင်းဟွန်းမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ ကျောင်းအပေါက်ဝမှာဖြစ်နေ၍ ကျောင်းထဲသို့ ဝင်လာသော ကျောင်းသားများက ကွက်ကြည့်ကွက်ကြည့် ဖြစ်နေသည်။
"အဟက် ဘာလဲ ခုတော့ ငါ့ကို ငြင်းဆန်ပြီပေါ့
အရင်ကတော့ ငါ့မှငါဖြစ်နေပြီး ဟိုကောင့်လက်ထဲပါသွားတာတောင် မကြာသေးဘူး ငါ့ကိုငြင်းပြီး မင်းလင်ကိုတတတ်နေပြီလား ဟမ်"မျက်လုံးများကို စိုက်ကြည့်ပြီး ဒေါသထွက်နေသော အမူအရာဖြင့် ပြောလာသောစကားတွေကြောင့် ဆောင်ဟွန်းမှာ အရှက်ကြီးရှက်လာသည်။ သူ့မာနကို ထိခိုက်စေသော စကားများကိုဆိုလာသူကို စိတ်တွေလည်းတိုသလို တဇွတ်ထိုးလည်း ပြန်မလုပ်ချင်။ အရှေ့ကလူသားက အဲ့လိုလုပ်လေ ပိုဆိုးလေဆိုတာ သူအသိဆုံး။ အခုလို ရင့်ရင့်သီးသီးပြောနေတာကို စိတ်တိုခြင်းမဟုတ်။ မင်းလင်ဆိုသော စကားကိုသာ စိတ်တိုမိခြင်း
"အင်း အဲ့ဒါဆိုလည်း ငါတို့ အေးအေးဆေးဆေးပြောရအောင် လက်ကိုတော့လွှတ်ပေးပါ ငါနာနေပြီ"
လက်ကိုဆွဲညှစ်ထားသဖြင့် လက်ကအတော်နာနေ၍ အသနားခံပြီးပြောမိသည်။ ဟုတ်တယ် ဆောင်ဟွန်းသည် အသနားခံဖို့ပဲတတ်ပြီး အမြဲတမ်း ယောကျ်ားလေးတန်မဲ့ မကြံ့ခိုင်တတ်သူ။ အရင်းနှီးဆုံး လူသားနှစ်ယောက်ကြား အမြဲတမ်းပြသနာဖြစ်အောင် လုပ်နေတဲ့သူ။ ဒါဟာ ကျောင်းတွင် ဆောင်ဟွန်းနဲ့ပတ်သတ်၍ ကြားနေကျသတင်းများဖြစ်သည်။
"ကြည့်ပါလား ဟိုလူမလွတ် ဒီလူမလွတ်နဲ့ အခုလည်း ငါတို့ Ethan ကို ကပ်နေပြန်ပြီ နှစ်ယောက်လုံးကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာတွေ့လား"
ဘေးနားမှ ဖြတ်သွားကာ တိုးတိုး တိုးတိုးနဲ့ပြောသွားသော ကောင်မလေးနှစ်ယောက်ကြောင့် ဆောင်ဟွန်းရှက်စိတ်တို့နဲ့အတူ ဝမ်းနည်းမှုတို့က ဒွန်တွဲလာတော့သည်။ အရှေ့ကလူကတော့ ဒေါသစိတ်ကြောင့် မကြားဘူးထင်သည်။ ဝေ့သီလာသော မျက်ရည်တို့က စီးကျရန် တာဆူနေသဖြင့် ဆောင်ဟွန်းသည် မျက်တောင်ကို မသိမသာ ပုတ်ခတ်လိုက်သည်။ ဒါကို ရိပ်မိတဲ့ ဟီဆွန်းက ..