"ပြန်လာနေပြီ စိတ်မပူပါနဲ့ဆိုဗျာ ကျစ်"
မိခင်ဖြစ်သူ၏စကားတွေကို နားမထောင်နိုင်သည့် အလျောက် end callကိုနှိပ်လိုက်လေသည်။
သူငယ်ချင်းဖြစ်သူ၏ မွေးနေ့ဖြစ်သည့်အတွက်
အိမ်ပြန်နောက်ကျနေရာမှ မိခင်ဖြစ်သူက ဖုန်းဆက်ကာ စိတ်ပူ၍ ဆူပူနေခြင်းဖြစ်သည်။"မိုးအရမ်းချုပ်သွားလို့ တိတ်ဆိတ်နေတာများလား"
ယနေ့မှ အိမ်သို့အပြန်လမ်းသည် အထူးတလည်တိတ်ဆိတ်နေလေသည်။ တစ်လမ်းလုံးတွင် မိမိတစ်ယောက်ထဲရှိသည် ဆိုသော အတွေးက မိမိကို ကြောက်လန့်စေသည်။
သူသည် ကျောပိုးအိတ်ကကြိုးကို ကျစ်နေအောင် ဆုတ်ကိုင်ရင်း သွက်သွက်လျှောက်လာသည်။
အနောက်မှ တစ်ယောက်ယောက်လိုက်လာသလိုခံစားလာရပြီး သူ၏ နှာဖူးပြင်၌ ချွေးစကတစ်စနှစ်စ တွယ်ငြိလျက်။ရှက် ရှက် ရှက် (လမ်းလျှောက်သံ)
"ဘယ်သူလဲ!!!"
မိမိ၏နောက်ကျောမှ ခြေသံကြား၍ အနောက်သို့လှည့်ကာ အော်ဟစ်မေးမြန်းလိုက်ခြင်းဖြစ်သည်။
အနောက်သို့ လှည့်ကြည့်လိုက်သည့်တိုင် မည်သူမှမရှိသောကြောင့် ထိုသူ၏ နောက်ကျောသည်မလုံတလုံ။"ဟူး"
ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ
အိမ်ရှေ့တံခါးသို့ ရောက်မှ ပါးစပ်အတွင်းမှလေကို ဟူးခနဲဟု မှုတ်ထုတ်လိုက်သည်။
ထို့နောက် ခြံတံခါးကို ဖွင့်ဖို့ လက်လှမ်းလိုက်သည်။"အွန့် အွန်း အွန်း"
နှာခေါင်းပေါ်လာရောက်အုပ်သော အဝတ်စတစ်ခုကြောင့် ရှုန်းကန်မှုနှင့်အတူ ထိုကောင်လေး၏ ကမ္ဘာသည် အမှောင်ကျသွားလေတော့သည်။
*
*
*
နှာခေါင်းထဲသို့ ရောက်လာသော ပုတ်သိုးသိုးအနံ့ကြောင့် နိုးလာရလေသည်။ ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်မိတော့ တစ်ခန်းလုံးအမှောင်ကျနေသည်။ အခန်းတွင်း ပျံ့လွင့်နေသော တယောသံစဉ်ကြောင့် သူ၏တစ်ကိုယ်လုံးသည် ကြက်သီးများထသွားရသည်။ ချိုသာပါသော်လည်း အလွန်ဆွေးမြေ့ဖွယ်ကောင်းပြီး နားထောင်ရသူအဖို့ အင်မတန်စိတ်ခြောက်ခြားစေသည်။