မျက်နှာပေါ်ကျရောက်လာတဲ့
နေရောင်ခြည်နုနုကြောင့်
Jake ရဲ့မျက်ခုံးနှစ်ဖက်တွန့်ချိုးသွားသည်။
ညကမိုးရွာထားသဖြင့် မိုးလင်းနေမှန်းသိတာတောင် သူမထချင်သေးဘူး။
မိုးအေးအေးနဲ့ဆက်ကွေးချင်နေမိတာက သူတစ်ကိုယ်လုံး နွေးနေသေးလို့ပဲ။ဂွမ်းစောင်ကြီး ခြုံလွှမ်းထားတဲ့အပြင်
သူတစ်ကိုယ်လုံးကို ကိုယ်ငွေ့တစ်ခုက
လွှမ်းခြုံထားတယ်။
ဘယ်သူကိုယ်ငွေ့လဲ။
သူအိပ်ချင်မူးတူးဖြစ်နေ၍
ရုတ်တရက်သူ့ဦးနှောက်က
အလုပ်မလုပ်နိုင်ဖြစ်နေသည်။Oh god သူသတိရသွားပြီ။
တစ်စုံတစ်ဦးရဲ့ ရင်ခွင်ထဲမှာ သူရောက်နေတာပဲ။
ပြီးတော့အဲ့ဒီလူက အီဟီဆွန်း ဟိုလူကြီး။အားးးးး
သူအလန့်တကြား ထိုသူရဲ့ရင်ခွင်ထဲမှထွက်လိုက်ပြီး အိပ်ယာမှ အလန့်တကြားထထိုင်မိသည်။
ဘေးကလူကြီးကတော့ မနိုးသေးပဲ အိပ်စက်နေတုန်း။သူရုတ်တရက် ဂွမ်းစောင်ကို လှန်ပြီး သူ့အောက်ပိုင်းကို ငုံ့ကြည့်လိုက်သည်။
ပြီးမှ သက်ပြင်းဖွဖွချသည်။ဟူး တော်သေးတာပေါ့....။
ဟီဆွန်းကို တဖန်ပြန်လှည့်ကြည့်မိတော့
နှာဖူးပြင်မှာချွေးစတွေ။
မိုးအေးနေတာကို သူကဘယ့်နှယ် ချွေးထွက်နေရတာလဲဟု Jakeတွေးစစဖြစ်မိသည်။ထိုလူကြီးရဲ့မျက်နှာနားသို့ သူတိုးကပ်ကြည့်လိုက်သည်။
ကျယ်ပြန့်တဲ့ နှာဖူးပြင်မှာ ချွေးစတစ်ချို့က တွဲခိုလို့။
ချွန်ထက်တဲ့ နှာတံမှ အသက်ရှူသံက ပြင်းလွန်းလှသောကြောင့် လေပူတွေက Jake၏မျက်နှာဆီသို့ တဖန်ရိုက်ခတ်နေသည်။
ကကြီးပုံ တိရိပြတ်သားတဲ့ နှုတ်ခမ်းဆီ အကြည့်ရောက်မိတော့ သူမျက်နှာလွှဲလိုက်မိသည်။အရမ်းချောတာပဲ....။
"အင်း ဟင်း...."
အသက်ရှူသံပြင်းပြင်းနဲ့ အတူ ညီးသံပါထွက်ပေါ်လာမှ Jake လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
"ဘာဖြစ်တာလဲ ချမ်းလို့လား"
ပုခုံးကို အနည်းငယ် လှုပ်ကာ မေးတော့ မည်သည့် တုန့်ပြန်မှုမျှ ရမလာ ။
ခုနက ခန္ဓာကိုယ်ဆီ လွှမ်းခြုံထားတဲ့ ကိုယ်ငွေ့နွေးနွေးနဲ့ နှာခေါင်းမှ ရိုက်ခတ်လာတဲ့ လေပူတွေအကြောင်း ပြန်တွေးမိတော့ နှာဖူးပြင်သို့ အမှတ်မထင်ရောက်သွားသည့် လက်ဖဝါး။