မနက်ခင်း၏ နေရောင်နုနုသည် ပြတင်းပေါက်မှ ဖြတ်သန်းကာ
အခန်းတွင်း ဖြန့်ကျက်ထားသည်။ဟီဆွန်းသည် မိမိဘေးတွင်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော
Jakeကို တယုတယငေးကြည့်နေသည်။
ခေါင်းအုံးနှင့် ပါးပြင်ထိကပ်နေသောကြောင့်
Jake၏ ပါးမို့မို့သည် အိကျနေသည်မှာ
အလွန်ချစ်စဖွယ်ပင်။"အိပ်တာတောင် ချစ်စရာကောင်းနေတယ် "
ဟီဆွန်းသည် တစ်ကိုယ်တည်း
တီးတိုးရေရွတ်လိုက်သည်။
သူသည် Jakeကို အသဲယားလွန်း၍
တရှုံရှုံ့နမ်းချင်နေမိသည်။
သို့သော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော
Jake နိုးသွားမည်ကို သူမလိုလား။နာရီကို ကြည့်လိုက်တော့
နံနက် ၇ နာရီ။
သူအိမ်ပြန်ရဦးမည်။
သူ့ကို အိမ်ပြန်လာဖို့
Eric အသဲအသန်
နိုးဆော်နေလေပြီ။Ericကိုလည်း အားနာလှသည်။
ငယ်ငယ်လေးကတည်းက
သူ့နောက်လိုက်ခဲ့ရသည်မှာ
သူပျောက်သွားတိုင်း Leoမှာ
ခေါင်းကြီးရသည်။Jake ၏ နှာဖူးပြင်ကို
အနမ်းဖွဖွပေးလိုက်လေသည်။
နှုတ်ဆက်ချင်ပေမယ့်
မနှုတ်ဆက်တော့ပါဘူး။Jake ခြုံထားသောစောင်ကို
ရင်ဘတ်ထိ ဆွဲကာ သေချာခြုံပေးလိုက်သည်။သို့သော် Jake၏ လည်တိုင်ကြော့ကြော့တွင်
မြင်တွေ့လိုက်ရသော အရာကြောင့်
ဟီဆွန်း၏ မျက်ခုံးတို့ တွန့်ကျိုးသွားသည်။အိမ်မပြန်ခင် ပတ်ဂျုံဆောင်းနှင့်
အရင်တွေ့ဖို့ လိုလာပြီ။
အင်း အတည်ပြုမှဖြစ်တော့မယ်။_______________________________
"ပတ်ဂျုံဆောင်း !!!! "
"အားး ဖြေးဖြေးအော်ပါအချစ်ရယ်"
"ဖြေးဖြေးအော်လို့ရမလား မင်းလုပ်ထားတာကိုလည်း ကြည့်ဦးလေ "
"ငါက မင်းကိုကူပေးချင်လို့ပါ "
"ကူပေးနေတာလား နှောင့်ယှက်နေတာလား "
"ကြက်ဥကြော်လေး တူးသွားရုံပဲကို"
"ဂွက် !"
"အ !!!"
ဂျုံဆောင်း၏ခေါင်းပေါ်သို့ ကျရောက်လာသော ဇွန်းခွက်နဲ့အတူ ဂျုံဆောင်း၏ အော်သံ။