မြို့ပြရဲ့အလှအပကို တိုက်အပေါ်ဆုံး အထပ်က ကြည့်ရတာကို သူနှစ်သက်သည်။
တပွမ်ပွမ်နှင့် လှုပ်ရှားသွားလာနေကြသော ကားများ ၊ မြို့ပြ၏ရောင်စုံမီးများ ကို ဝိုင်ခွက်ကိုင်ကာ ကြည်လင်သော မှန်ချပ်ကြီးမှ တဆင့် သူကြည့်ရှုနေမိသည်။
အခန်းတွင်း ဖွင့်ထားသော
သီချင်းသံအေးအေးငြိမ့်ငြိမ့်လေးကြားမှ
အခန်းတွင်းသို့ ဝင်လာသော ခြေသံကို
သူကြားနေရသည်။သူလှည့်မကြည့်ပါ။
အခန်းထဲသို့ရောက်သည်နှင့် သူနှင့် မနီးမဝေးတွင် 90ဒီဂရီ ဦးညွှတ်ပြီး မတ်တပ်ရပ်နေမည့်သူမှာ Eric မှန်းသူသိပါသည်။Ericသည် ငယ်စဉ်ကတည်းက မိမိဘေးတွင် အလုပ်အကျွေးပြုရန် ဖခင်ဖြစ်သူခေါ်ယူကာ မွေးစားထားသော ကောင်လေးဖြစ်သည်။
ငယ်စဉ်ကတည်းက အရာရာပြည့်စုံခဲ့သူ မိမိသည် ယခုအချိန်တွင် ငွေကြေးပိုင်ဆိုင်မှုနဲ့ အာဏာကလွဲ သက်ရှိဆိုလို့ မိမိဘေးတွင် Eric တစ်ယောက်ထဲသာ ကျန်တော့သည်။
အစစအရာရာ ဖြည့်စည်းပေးကာ အလိုလိုက်တတ်သော ဖခင်ဖြစ်သူသည်လည်း မိမိဘေးတွင် မရှိတော့။ သိပ်ချစ်ရပါသည်ဆိုသော သူငယ်ချင်းနှစ်ယောက်သည်လည်း မိမိကို သစ္စာဖောက်ခဲ့ကြသည်။
သစ္စာဖောက်ခဲ့သည်ဟုလည်း ပြောလို့မရပါလေ။ မိမိကိုယ်တိုင်က ထို့သို့ ဖြစ်အောင် ပြုလုပ်ခဲ့ခြင်းသာ။
သူတို့ အားလုံး ဘယ်နေရာကစမှားခဲ့ကြလဲ မသိပေမယ့် သူ့ဘေးမှာ တစ်ယောက်မှ မရှိကြတော့သည်မှာ ဖခင်ဖြစ်သူဆုံးပြီးကတည်းကပင် ဆိုရမည်လား။
"အဟက် "
ဟီဆွန်းသည် ဝိုင်ကို တစ်ချက်ငုံလိုက်ကာ လည်ချောင်းထဲ ချိုမြိန်သောအရသာ စီးမြောသွားတာကို အရသာခံပြီး ဩရှသော အသက့်ဖြင့် လည်ပင်းမှ လည်ဇလုတ်လေးလှုတ်ခတ်သွားရုံမျှ ရယ်လိုက်လေသည်။
"အိပ်ဖို့သင့်ပြီ ညဘက်တွေ မအိပ်တာ ဘယ်နှစ်ရက်ရှိပြီလဲ"
Eric ဆီမှ ထွက်လာသော စကားသံ။
ဖြောင့်တန်းကာ အေးစက်နေပေမယ့်
စိုးရိမ်မှုနဲ့အတူ ဂရုစိုက်မှုတွေ ပါနေသည့်
အသံနေအသံထား။