ROYAL CLUB
"ဘာမှာမလဲ ခင်ဗျ"
"ရှိတာချ"
Jakeသည် CLUBအပြင်အဆင်ကို ငေးကြည့်နေရင်း ဖြေလိုက်သည်။ Social Mediaပေါ်တွင် Good reviewရထားသည့် CLUBဆိုသည့်အတိုင်း ပြင်ဆင်မှုက လုံးဝအထက်တန်းဆန်သည်။
"ထိုင်မယ်နော်"
Jakeထိုင်နေသည့် စားပွဲဆီသို့ ရောက်လာသော
ကိုယ်တော်ချော တစ်ယောက်။
ခန္ဓါကိုယ် တောင့်ကာ စမတ်ကျစွာဝတ်ဆင်ထားပြီး
Jakeကို ဝါးစားမတတ်ကြည့်နေသော ထိုသူ၏ အကြည့်ကြောင့် ဘယ်ခြေလမ်း လှမ်းချင်နေမှန်း Jake ရိပ်မိသလိုတော့ရှိလာသည်။ဘာမှပြန်ပြောမနေဘဲ ခေါင်းငြိမ့်ပြလိုက်တော့
Jakeဘေးနားဝင်ထိုင်လာသူသည် အင်မတန် အတင့်ရဲလွန်းသည်။ ကပ်နေသော ခန္ဓါကိုယ်နှစ်ခုကြောင့် Jakeသည် စိတ်ကျဥ်းကျပ်လာသည်။ "ဒီည ကိုယ်ဝယ်တိုက်မယ်လေ"
"ရတယ် ဝယ်သောက်နိုင်တယ်"
ထိုသူ၏ မျက်နှာသည် ကွက်ခနဲပျက်သွားလေသည်။
သို့သော်ထိုသူသည် အရှုံးမပေး"တစ်ယောက်ထဲလား"
"ဘေးမှာ ဘယ်သူရှိသေးလို့လဲခင်ဗျ"
ဝိတ်တာ လာချပေးသော ဝီစကီခွက်ကို နှုတ်ခမ်းမှာတေ့ရင်း တစ်ငုံသောက်လိုက်ကာ ဘုကန့်လန့်ပြန်ဖြေတော့ ထိုသူသည် ခပ်တိုးတိုးရယ်လေသည်။
"မင်းက မလွယ်ဘူးပဲ"
လွယ်မလားဆိုပြီး လာစမ်းတာပေါ့လေအဲ့လိုလား။
ငါ့ကိုဘယ်အတန်းအစားထဲက အကောင်ထင်နေသလဲ။"ကျုပ်က မလွယ်တာမှန်သလို ခင်ဗျားကလည်း ဒိတ်လွန်နေတာကို ဘယ်နှယ့် လူကို ချည်းကပ်တာက တစ်ယောက်ထဲလား နှစ်ယောက်ထဲလားနဲ့ ဂျူမုံမင်းတရားလေးဘက်ကုန်းတို့က နည်းလမ်းတွေနဲ့ လာflirtနေမှတော့ လွယ်တဲ့ ကောင်လေးတွေတောင် ခင်ဗျားနဲ့အတူတူအိပ်မှာမဟုတ်ဘူးသိလား"
ခပ်တည်တည်ကြည့်ကာ ပြောလိုက်တော့ ထိုသူ၏ မျက်နှာသည် နီရဲသွားပြီး လည်ပင်းအကြောများပင်ထောင်လာလေသည်။ သို့သော် ထိုမျက်နှာထက် ချိုလွင်သော အပြုံးကို ဖုံးလိုက်ပြီး