ep1

12.7K 391 17
                                    

"ဟီဆွန်း လွှတ်ပါ Jayမြင်သွားရင်မ​ကောင်းဘူး"

လက်ကို ဆွဲကာ တားထား​​သော ​ဟီဆွန်း​ကြောင့် ​ဆောင်းဟွန်းမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်​နေသည်။ ​ကျောင်း​အ​ပေါက်ဝမှာဖြစ်​နေ၍ ​ကျောင်းထဲသို့ ဝင်လာ​သော ​ကျောင်းသားများက ကွက်ကြည့်ကွက်ကြည့် ဖြစ်​နေသည်။

"အဟက် ဘာလဲ ခု​တော့ ငါ့ကို ငြင်းဆန်ပြီ​ပေါ့
အရင်က​တော့ ငါ့မှငါဖြစ်​နေပြီး ဟို​ကောင့်လက်ထဲပါသွားတာ​တောင် မကြာ​သေးဘူး ငါ့ကိုငြင်းပြီး မင်းလင်ကိုတတတ်​နေပြီလား ဟမ်"

မျက်လုံးများကို စိုက်ကြည့်ပြီး ​ဒေါသထွက်​နေ​သော အမူအရာဖြင့် ​ပြောလာ​သောစကား​တွေ​ကြောင့် ​ဆောင်ဟွန်းမှာ အရှက်ကြီးရှက်လာသည်။ သူ့မာနကို ထိခိုက်​စေ​သော စကားများကိုဆိုလာသူကို စိတ်​​တွေလည်းတိုသလို တဇွတ်ထိုးလည်း ပြန်မလုပ်ချင်။ အ​​ရှေ့ကလူသားက အဲ့လိုလုပ်​လေ ပိုဆိုး​လေဆိုတာ သူအသိဆုံး။ အခုလို ရင့်ရင့်သီးသီး​ပြော​နေတာကို စိတ်တိုခြင်းမဟုတ်။ မင်းလင်ဆို​သော စကားကိုသာ စိတ်တိုမိခြင်း

"အင်း  အဲ့ဒါဆိုလည်း ငါတို့ ​အေး​အေး​ဆေး​ဆေး​ပြောရ​အောင် လက်ကို​တော့လွှတ်​ပေးပါ ငါနာ​နေပြီ"

လက်ကိုဆွဲညှစ်ထားသဖြင့် လက်ကအ​တော်နာ​နေ၍ အသနားခံပြီး​ပြောမိသည်။ ဟုတ်တယ် ​​ဆောင်ဟွန်းသည် အသနားခံဖို့ပဲတတ်ပြီး အမြဲတမ်း ​ယောကျ်ား​လေးတန်မဲ့ မကြံ့ခိုင်တတ်သူ။ အရင်းနှီးဆုံး လူသားနှစ်​ယောက်ကြား အမြဲတမ်းပြသနာဖြစ်​အောင် လုပ်​နေတဲ့သူ။ ဒါဟာ ​ကျောင်းတွင် ​​ဆောင်ဟွန်းနဲ့ပတ်သတ်၍ ကြား​နေကျသတင်းများဖြစ်သည်။

"ကြည့်ပါလား ဟိုလူမလွတ် ဒီလူမလွတ်နဲ့ အခုလည်း ငါတို့ Ethan ကို ကပ်​နေပြန်ပြီ နှစ်​ယောက်လုံးကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာ​တွေ့လား"

​​​ဘေးနားမှ ဖြတ်သွားကာ တိုးတိုး တိုးတိုးနဲ့​ပြောသွား​သော ​ကောင်မ​လေးနှစ်​ယောက်​ကြောင့် ​ဆောင်ဟွန်းရှက်စိတ်တို့နဲ့အတူ ဝမ်းနည်းမှုတို့က ဒွန်တွဲလာ​တော့သည်။ ​အ​ရှေ့ကလူက​တော့ ​​ဒေါသစိတ်​ကြောင့် မကြားဘူးထင်သည်။ ဝေ့သီလာ​သော မျက်ရည်တို့က စီးကျရန် တာဆူ​နေသဖြင့် ​ဆောင်ဟွန်းသည် မျက်​တောင်ကို မသိမသာ ပုတ်ခတ်လိုက်သည်။ ဒါကို ရိပ်မိတဲ့ ဟီဆွန်းက ..

𝗟𝗢𝗥𝗗 𝗛𝗘𝗘 [𝗛𝗘𝗘𝗝𝗔𝗞𝗘 𝗝𝗔𝗬𝗛𝗢𝗢𝗡]Where stories live. Discover now