"ပြန်လာပြီလား"
အမှောင်ချထားတဲ့အခန်းထဲ တိုးတိုးတိတ်တိတ်ဝင်လာရင်း အနောက်မှ ထွက်လာသောအသံကြောင့် Jake၏ နောက်ကျောသည် တွန့်သွားသည်။
"ဘယ်ကပြန်လာတာလဲ ဘယ်သူနဲ့တွေ့လာတာလဲ"
အနောက်သို့လှည့်ကြည့်လိုက်တော့ ဧည့်ခန်းထဲတွင်ထိုင်နေသော အကိုဖြစ်သူ Jay။
"ဒါ ကျွန်တော့်ကိစ္စပါ"
အကိုဖြစ်သူကို ဘုတောကာ အိမ်အပေါ်သို့တက်ရန်ပြင်လေသည်။
လှေကားပေါ်လှမ်းနေသော ခြေလှမ်းများ
ရုတ်တရက်ရပ်တန့်သွားသည်။အကြောင်းကား မှောင်နေသော အခန်းတွင်း ပျံ့လွင့်လာသော တယောသံချိုချို။
ထို တယောသံချိုချိုသည် ကြားရသူတိုင်း၏ စိတ်နှလုံးတွင် သာယာနာပျော်ဖွယ်ကောင်းနေပေမယ့်
Jakeအတွက်တော့ မဟုတ်တန်ရာ။Jakeသည် အသံကိုကြားကြားချင်း အကိုဖြစ်သူရှိရာသို့ လှည့်ကြည့်သည်။
ထို့နောက် လှေကားပေါ်မှ ပြန်လည်ဆင်းလာသည်။
လှမ်းလာသော ခြေလမ်းများသည် အားပျော့ကာတုန်ရီနေသည်။"ကြောက်နေလား"
အကိုဖြစ်သူ Jay ၏ အေးစက်စက်အသံနှင့်မေးခွန်း။
Jakeသည် လှေကားခြေရင်းတွင် ဖင်ထိုင်ကျသွားသည်။
တယောအသံသည် ရပ်မသွား။
သူသည်မောဟိုက်လာသည်။
ကျေးဇူးပြုပြီး တယောအသံကို ရပ်ပေးပါလို့
အော်ဟစ်ကာပြောချင်နေပါသော်လည်း သူ၏ အသံတို့သည် မှောင်နေသော အခန်းအတွင်း၌ ဗလာနတ္ထိ။သူ၏ ရင်အစုံသည်မောဟိုက်နေကာ တစ်ကိုယ်လုံးတုန်ရီနေသည်။
"အားးး!!! တော်တော့ ရပ်လိုက်တော့!!!"နားနှစ်ဖက်လုံးကို လက်ဖြင့်ပိတ်ကာ အသားကုန်အော်ဟစ်လိုက်သည်။
နှာခေါင်းထဲတွင် သွေးညှီနံ့များရနေသည်။
Jakeသည် အသက်ရှူရမှာခက်ခဲလာသည်။
လည်ပင်းကို တစ်စုံတစ်ခုက လာညှစ်ထားသလို။"ကိုကို...ကိုကို"
Jayသည် Jakeရှိရာသို့ လျှောက်လှမ်းလာသည်။