ep 9

2.3K 263 40
                                    

စိုနေသော အဝတ်အစားတွေကို ရေချိုးခန်းထဲမှာ လဲပြီး ထွက်လာတော့ Jakeရဲ့ အခန်းရှေ့မှာ အခုထိမတ်တပ်ရပ်နေတုန်း။

မိုးရေထဲအကြာကြီးနေထား၍ တုန်ရီနေသူကို တစ်ချက်ကြည့်ပြီး ဗီရိုထဲက အကျီတွေကို စတင်မွှေနှောက်ရတယ်။ မိမိထက် ခန္ဓာကိုယ် နှစ်ဆကြီးသူမို့ မိမိ၏ အဝတ်အစားတွေနဲ့ကလည်းတော်မည်မဟုတ်။

ကိုကို့ အကျီသွားယူပေးပြီး ဝတ်ခိုင်းရင် ကိုကိုကလည်း ကြိုက်မည်မထင် ။ ကိုကိုက သူများအဝတ်အစား ဝတ်ရမှာလည်း မကြိုက်သလို သူ့အဝတ်အစား သူများဝတ်တာလည်း မကြိုက်ဘူးဆိုတာ Jakeက သိနှင့်ပြီးသား။

တော်တော်ကြာဗီရိုထဲ ခေါင်းစိုက်လိုက်ရပြီးမှ
မနှစ်က Onlineကနေ Size မှားဝယ်မိထားတဲ့ ညဝတ်အကျီတစ်ထည်ကို ရှာတွေ့တယ်။
အခုမှပဲ Jakeသက်ပြင်းချနိုင်တော့တယ်။ သူခုထိ အိပ်မယ့် နေရာကို မရောက်သေးဘူးမလား။

"ရော့ အကျီလဲဖို့ ဒါပဲရှိတယ် "

အခန်းရှေ့မှာ ရပ်နေတဲ့သူဆီ ညဝတ်အကျီတစ်ထည်ကို လက်ကမ်းကာပေးတော့ Jakeကို အေးစက်စက်မျက်နှာနဲ့ ကြည့်တယ်။ ထို့နောက် လက်ထဲက အကျီကို ယူပြီး ရေချိုးခန်းထဲကို ဝင်သွားတယ်။

အင်း အေးစက်စက်မျက်နှာကို စတွေ့တုန်းက အမြင်ကတ်ပေမယ့် ခုတော့ နေသားကျလာသလိုပဲ။ သူကဘယ်လိုနေနေဆွဲဆောင်ရှိနေတာတော့ အမှန်ပဲ။

ရေချိုးခန်းထဲမှ ကြာနေတဲ့ လူကြီးကို ကုတင်ပေါ်မှာ ထိုင်စောင့်နေရင်း Jakeမျက်နှာထက်ဝယ် အပြုံးတစ်ခု ဆင်မြန်းလာတယ်။

အကြောင်းက သူပေးတဲ့ ညဝတ်အကျီကို ဝတ်ပြီးထွက်လာမယ့် လူကြီးရဲ့ဖြစ်နေမည့် မျက်နှာကို မြင်ယောင်မိသွားလို့ပဲ။

"တကယ် ချစ်ဖို့ကောင်းနေမှာ ဟားဟား"

ခပ်တိုးတိုးရယ်နေရင်းမှ တံခါးပွင့်သံကြား၍ ရေချိုးခန်းဘက် ကြည့်မိတော့ ပျက်ထွက်ကာ နီရဲနေတဲ့ လူကြီး၏ မျက်နှာကြောင့် Jakeသည် အရယ်မရပ်တော့ပဲ ပိုမို ကျယ်လောင်စွာရယ်မိတော့သည်။

ထိုအခါလူကြီး၏ မျက်နှာသည် နီရဲနေရာမှ အမဲဘက်သန်းလာကာ မျက်ခုံးနှစ်ဖက်သည် လိုတာထက်ပိုကာ တွန့်ကျိုးလာလေသည်။

𝗟𝗢𝗥𝗗 𝗛𝗘𝗘 [𝗛𝗘𝗘𝗝𝗔𝗞𝗘 𝗝𝗔𝗬𝗛𝗢𝗢𝗡]Where stories live. Discover now