ROYAL CLUB
CLUBထဲတွင် မီးရောင်စုံများနှင့်အတူ သီချင်းသံစဥ်များက ပြည့်နှက်နေသည်။ ထိုCLUBသည် တော်ရုံပိုက်ဆံချမ်းသာသည့်သူများပင် မဝင်ရောက်နိုင်သည့် CLUBပင်ဖြစ်သည်။ VVIP BLACK CARDရှိသူနှင့် ထို CLUB၏ပိုင်ရှင်၏ ခွင့်ပြုချက်ရမှသာ ဝင်ရောက်ခွင့်ရနိုင်သည်။ ထိုCLUB၏ပိုင်ရှင်သည် မည်သူမျှမဟုတ် ။ Ethan Groupရဲ့ တစ်ဦးတည်းသောပဲ့ကိုင်ရှင် LORD HEEပင်ဖြစ်သည်။
CLUBအတွင်း၏ ထောင့်တစ်နေရာ VIPထိုင်ခုံတွင်ထိုင်နေသော သူသည် ခြေထောက်တစ်ဖက်ကို အခြားတစ်ဖက်တွင် ချိတ်ထားလျက် ဝီစကီခွက်ကို ကိုင်ကာ မျက်လုံးများကိုမှေးစင်းလျက်ရှိသည်။ အနက်ရောင်shirtကိုဝတ်ဆင်ထားပြီး အပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်ထားကာ လှစ်ဟထားသည်။ ကျယ်ပြန့်သောပုခုံးအကျယ်နဲ့အတူ နို့နှစ်ရောင်ရှိကာ ဖြူဖွေးမို့မောက်နေသော ရင်အုံသည် ယောကျ်ားပီသသော အသွင်ကိုဆောင်နေသည်။
ဆံပင်ကို အလယ်ခွဲကာ နှာဖူးပေါ်သို့လှန်တင်ထားသောကြောင့် ကျယ်ပြန့်သောနှာဖူးပြင်နှင့်အတူ ချွန်ထက်သော နှာတံရိုးတို့က မျက်နှာချောချောကို ပို၍ပေါ်လွင်စေသည်။ ဝီစကီကို တစ်ချက်ငုံသောက်လိုက်တိုင်း လှုတ်ခပ်သွားတတ်သည့် လည်ပင်းမှ လည်ဇလုတ်ကြောင့်
CLUBအတွင်းရှိ မိန်းမပျိုများ၏ အာရုံကျက်စားရာသည် ထိုသူထံတွင်သာ။"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ငါ့ကို ဂျုံဆောင်းဆီ ပေးခဲ့လို့ အဟက် အနည်းဆုံးတော့ သူကငါ့ကိုချစ်တယ်လေ"
ဆောင်ဟွန်း၏ စကားသံတွေကို ပြန်လည်ကြားယောင်မိတိုင်း မော့သောက်မိနေသော ဝီစကီတို့သည် ဘယ်နှစ်ခွက်မြောက်မှန်းမသိတော့။ လွတ်တဲ့ငါးကြီးတယ်ပြောလည်းပြောခံရမည်သာ။ ပိုင်ဆိုင်ခွင့်ရတုန်းကလည်း တန်ဖိုးမထားခဲ့သည့်သူသည် ဟီဆွန်းကိုယ်တိုင်သာ ဖြစ်သည်။
ချစ်သလားဆိုတော့လည်း ယခုချိန်ထိ ဆောင်ဟွန်းကို ချစ်ခဲ့သလား မချစ်ခဲ့သလားဆိုတာ မသေချာ။
"ဟေ့ ယူ့ကိုကြည့်ရတာ စိတ်ညစ်နေပုံပဲ"
မိမိ၏ ပုခုံးကို ကိုင်ကာ ဘေးမှာလာထိုင်သော မိန်းမပျို၏ ချိုအီအီရေမွှေးနံ့ကြောင့် ဟီဆွန်းသည် နှာခေါင်းရှုံ့မိသည်။