"ဘယ်သူက ဘယ်သူ့ရဲ့ အဖေလဲ??? "
ဒီတစ်ခါမှာတော့ အပြန်အလှန်ကြည့်မိကြတာက အီဟီဆွန်းနဲ့ ပတ်ဂျုံဆောင်း။
"ကျွန်တော်က ဦးလေးရှင်းရဲ့သား မဟုတ်ဘူး တူပါ "
Jakeရဲ့ ကြားဖြတ်စကားကြောင့် ပတ်ဂျုံဆောင်းမအံ့ဩပဲမနေနိုင်။
"မဖြစ်နိုင်တာ ကိုကို့ဆီ ငယ်လေးရောက်လာတုန်းက ငယ်လေးပစ္စည်းတွေထဲ ကျောင်းယူနီဖောင်းက နာမည်တံဆိပ်လေး ပါလာတယ်...အဲ့နာမည်က ရှင်းဆောင်း ရှင်းဆောင်းဂျွန် ဟုတ်တယ် ကိုကိုသေချာမှတ်မိပါတယ် "
"ဦးလေးရှင်းနဲ့ ကျွန်တော့်အဖေနဲ့က ညီအကို အရင်းတွေပါ။ အမှုမဖြစ်ခင် တစ်လအလိုမှာ ကျွန်တော့်အဖေက ကားမတော်တဆ ဖြစ်ပြီး ဆုံးပါးသွားခဲ့တယ်။ ဇာပနလုပ်ပြီးပြီးချင်း ကျွန်တော် ဦးလေးတို့နဲ့လိုက်နေခဲ့တာ။ ဦးလေးရဲ့သားက ရှင်းဆောင်းဂျွန်။ ကျွန်တော့်နာမည်က ရှင်းဂျယ်ယွန်း...။
"ရှင်းဂျယ်ယွန်း~~"
အီဟီဆွန်းက သံယောင်လိုက်ခေါ်မိတယ်။
သူရဲ့အသံက တိုးလျလွန်းသောကြောင့် မည်သူမျှ မကြားရပါ။ သူပင်ပန်းနေတာ သူပဲသိတယ်။ အလူးအလဲအထိုးခံထားရပေမဲ့ ချစ်ရသူ ရှေ့မှာ အားပျော့နေတဲ့ပုံ မပြချင်လို့ တင်းခံထားရတယ်။"နာမည်တံဆိပ်ကတော့ ဘယ်လိုပါလာလဲ ကျွန်တော် မမှတ်မိတော့ဘူး "
မမှတ်မိတာထက် သူပြန်မပြောပြချင်ခဲ့တာ။
သူ့အတွက်အဲ့အချိန်တွေကို ပြန်ပြောပြရတာအခက်ဆုံးဆိုတာ ရှင်းဂျယ်ယွန်းကိုယ်တိုင်ပဲသိတယ်။ပတ်ဂျုံဆောင်းကတော့ အခုမှနားလည်သွားတဲ့ ပုံစံနဲ့ ခေါင်းငြိမ့်လျက်။ ပြီးတော့ ပတ်ထယ်ဆူဘက်လှည့်လိုက်တယ်။ သူ သူ့အဖေကို အခွင့်အရေးပေးချင်တယ်။ ဒီလို စိတ်ပျက်စရာကောင်းတဲ့ ဘဝကြီးကနေ ရုန်းထွက်အောင် လုပ်ရမယ်။
"ဘာပဲဖြစ်ဖြစ် အဖေ ငယ်လေးကို လွှတ်ပေးလိုက်ပါ ပြီးတော့ ရဲစခန်းမှာ ဝန်ခံလိုက်ပါ အဖေ "
"ဟင့်အင်း မလုပ်နိုင်ဘူး ငါ ထောင်မကျချင်ဘူး ပြီးတော့ ယောင်းဂျယ် ယောင်းဂျယ်နဲ့မခွဲနိုင်ဘူး "