မနက်မိုးလင်းတာနဲ့ ပထမဆုံး ဆုတောင်းမိတာက လူတွေနဲ့ မပတ်သတ်ပါရစေနဲ့ဆိုတာပဲ
အထူးသဖြင့် ဟီဆွန်းနဲ့ ဂျုံဆောင်း
ကျွန်တော့် ဘဝရဲ့ အဆိုးရွားဆုံး အမာရွတ်နှစ်ခု။
ဖျက်ပစ်ချင်တယ်။
မပတ်သတ်ချင်ဘူး ။ ထွက်ပြေးချင်တယ်။
ဒါပေမဲ့ ကျွန်တော် မလွတ်မြောက်နိုင်ဘူး။
လွတ်မြောက်ခွင့်လည်း ပေးမှာ မဟုတ်ဘူး။
နှစ်ယောက်လုံးက တစ်ယောက်တစ်မျိုးစီ တစ်ကိုယ်ကောင်းဆန်တတ်ကြတယ်။
ဖိနပ်ကြိုးကို သေချာစည်းနှောင်ရင်း ဆောင်ဟွန်းရဲ့ စိတ်တွေကလေးပင်နေတယ်။
ဖိနပ်ကြိုးကို ကြည့်တော့ ပြတ်တော့မလို့ နည်းနည်းပဲလိုတော့တယ်။
"ဟင်း"
ဆောင်းဟွန်းသက်ပြင်းဖွဖွချလိုက်သည်။
လေးလံသော ခြေလှမ်းတွေနဲ့ ကျောင်းသို့သွားရန် ခြံတံခါးကို ဖွင့်လိုက်သည်။
ခြံရှေ့မှ ရပ်ထားတဲ့ကားကို မြင်တော့ ဆောင်းဟွန်းရဲ့ စိတ်တွေက ခဲတစ်လုံးနဲ့ထပ်ဆွဲခဲံလိုက်ရသလို ပိုလေးပင်သွားတယ်။
အင်းဒီနေ့လည်း ခါတိုင်းလို အကြွေးတွေဆပ်ရဦးမယ်။
"တက်လေ ဘာရပ်ငေးနေတာလဲ"
ကားမှန်ကိုချလျက် လှမ်းပြောသော သူ့ကို ဆောင်ဟွန်း ခံစားချက်မဲ့စွာ ကြည့်မိတယ်။
ကားကို ကျော်ပြီး ဆောင်းဟွန်းလမ်းလျှောက်လာမိသည်။
မသိဘူး သူ့ကိုဆို နည်းနည်းလောက် အထွန့်တက်လိုက်ရမှ။ဒါဟာ ဂျုံဆောင်း ကို စိတ်ညစ်စေမယ်ဆိုတာ သိတယ်။ သိလို့ကို သက်သက်လုပ်တာ။ သူလည်းကျွန်တော်ကြောင့် အနည်းနဲ့အများ စိတ်ရှုပ်ရတာကို လိုချင်တယ်။
အနောက်သို့လှည့်မကြည့်ပေမဲ့ သူ့ကားပေါ်ကနေ ဆင်းပြီး ကျွန်တော်နောက်လိုက်လာမယ်ဆိုတာ ကျွန်တော်သိတယ်။
ဘေးနားကဖြတ်သွားတဲ့ ကားဘီးရဲ့အသံကြောင့် ကျွန်တော့်ထင်မြင်ချက်တွေက လွဲသွားတယ်။