"Ethan လား "
"အဖေ !!! "
ဂျုံးဆောင်းရော ဆောင်ဟွန်းကပါ သူ့ကို အလန့်တကြား ကြည့်သည်။
"ခင်ဗျား အခုဘယ်မှာလဲ "
"မြို့ပြင်နားက အိမ်ကို လာခဲ့
ရဲမခေါ်လာနဲ့နော်..."ရဲခေါ်လာတော့ရော ဘာထူးမှာလဲ ??
ခင်ဗျားလူတွေချည်းပဲလေလို့ ဟီဆွန်းအော်ပြောလိုက်ချင်သည်။ သို့သော် သူ့လက်ထဲတွင် ဂျယ်ယွန်းကရှိနေသေးသည်။"သူ အဆင်ပြေရဲ့လား "
"အဆင်ပြေလို့ စိတ်မပူနဲ့ မှည့်တစ်ပေါက်မစွန်းစေရဘူး "
"စွန်းရင်လည်း ခင်ဗျားကို ကျုပ်ကိုယ်တိုင်သတ်မှာ "
"ငါက မင်းအဖေနော် "
" ဟွန်း ကျုပ်ကို သတိမပေးခင်
မိန်းမကို သေအောင်လုပ် သားကိုစွန့်ပစ်ရအောင်ထိ မွှန်နေတဲ့ ခင်ဗျားကို ခင်ဗျား သတိအရင်ပေးလိုက် !!!"ဒေါသတကြီးအော်ဟစ်လိုက်သည့် အသံနောက် တစ်ဖက်ဖုန်းသည် တိခနဲကျသွားလေသည်။
"ဘာတဲ့လဲ "
ဂျုံဆောင်းကမေးသည်။
" မြို့ပြင်ကအိမ် "
ဂျုံဆောင်းက မျက်မှောင်ကျုံ့၏။
အဲ့အိမ်ကို သူသိသည်။
ဟီဆွန်းကို ထိုအိမ်မှာ စတွေ့ခဲ့ခြင်းဖြစ်သည်။
ပြီးတော့ အဲ့ဒီအိမ်မှာပဲ ဟီဆွန်းအမေ ဆုံးပါးသွားခဲ့တာ။" သေသွားတဲ့သူကိုတောင် ခုထိအလွတ်မပေးကြဘူးပဲ "
ဟီဆွန်းမကြားအောင် တီးတိုးရေရွတ်လိုက်သည်။
"ငါသွားလိုက်မယ် "
" ငါလည်းလိုက်မယ် "
"ရတယ် ငါတစ်ယောက်ထဲ သွားမယ် "
"ငါက သူ့အကိုလေ သွားမယ့်သွား ငါက သွားရမှာပေါ့...မင်းက ဘာအကောင်မို့ ငါ့ကိုလာတားနေတာလဲ..."
*နှစ်ယောက်သွားရင် အန္တရာယ်များလို့ ပြောနေတာ မအေဘေးရဲ့ *
ဟီဆွန်း စိတ်ထဲတွင်သာ ကျိန်ဆဲလိုက်သည်။ စိတ်ရှိတိုင်းသာဆို အားရပါးရ ဆဲပေးလိုက်ချင်တာ။ တကယ့် ငဒူကောင်။