ep16

1.9K 220 14
                                    

Jake ပျောက်ဆုံးပြီး ခုနှစ်ရက်မြောက်နေ့....။

ကျယ်ပြန့်သော အခန်းအလည်တွင်
အနက်ရောင်ယူနီဖောင်းများနှင့်
လူတစ်စုသည် အလုပ်ရှုပ်နေကြသည်။
သူတို့၏မျက်နှာတွင် တာဝန်မကျေပါက
အပြစ်ပေးခံမည်ကို ကြောက်သည်ထက်
တစ်စုံတစ်ခုကို ပိုတိုး၍ ကြောက်လန့်နေသော
အငွေ့အသက်များပျံ့လွင့်နေသည်။

"တစ်မြို့လုံးမှာ ရှိတဲ့ Cctvတွေကို သေချာစစ်..."

တည်ကြည်ဩရှသောအသံသည်
အခန်းတွင် ပျံ့လွင့်သွားသည်။ ထိုသူ၏ အသံမှာ ဩဇာအပြည့်နှင့်ပင်။

"ရှာတွေ့မှ ဖြစ်မယ် မတွေ့ရင် သူ့အကြောင်းမင်းတို့သိတယ်မလား "

ထိုသူ၏ စကားတွင် အန္တရာယ်အငွေ့အသက်များပါနေသည့်အလား အခန်းတွင်းရှိ အနက်ရောင်ဝတ်လူများ၏ ကျောပြင်များသည် မတ်ခနဲဖြစ်သွားပြီး ကီးဘုတ်ပေါ်တွင် ရိုက်နှိပ်သံများ တဂျက်ဂျက်ညံသွားသည်။

" Eric ! "

ဝန်ထမ်းမလေး တစ်ဦးဆီမှ အသံဖြစ်သည်။

Eric သည် ခေါ်သံကြား၍ ထိုကောင်မလေးဆီသို့ သွားလိုက်သည်။ သူ၏မျက်နှာသည် လေးထောင့်ကျသော မျက်နှာပြင်ဖြစ်ပြီး အနောက်တိုင်းသွေးရောစပ်သူဖြစ်သည့်အလျောက် အသားအရောင်တို့မှ ဖြူစွတ်နေသည်။ ဂုတ်ထိရှည်သော နက်မှောင်သည့် ဆံပင်များကို အပြောင်သိမ်းစီးထားပြီး ကျယ်ပြန့်သောနှာဖူးရှေ့တွင် ဆံခြည်မျှင်တစ်ချောင်းကိုချထားသေးသည်။ မပြုံးမရယ် တည်တံ့သော မျက်နှာဖြင့် ဝန်ထမ်းမလေးရှိရာဆီ လျှောက်သွားသော ခြေတံရှည်များကြောင့် ဝန်ထမ်းမလေးသည်ပင် Eric ကို ငေးခနဲဖြစ်သွားရသည်။

အမလေးချောလိုက်တာ

သူမသည် စိတ်ထဲတွင် ရေရွတ်မိလိုက်သည်။
သူသည် Ethan Groupတွင် အလုပ်ဝင်သည်မှာ သိပ်မကြာသေးပေ။ ထို့ကြောင့် Eric ၏ချောမောမှုအကြောင်းကို ကြားဖူးသော်လည်း ယခုမှမျက်မြင်ကိုယ်တွေ ငမ်းဖူးခြင်းဖြစ်သည်။

တစ်ဆက်ထဲဆိုသလို သူမတွေးလိုက်မိသည်။ အတွင်းရေးမှူးတောင် ဒီလောက်ချောတာ Bossဆို ဘယ်လောက်ချောလိုက်မလဲ။ Lord Hee ဟု နာမည်ကြီးလှသော ထိုသူသည် အင်မတန် အရှိန်အဝါမြင့်ပြီး ရုပ်ရည်ချောမောကာ မြင်သမျှလူတိုင်း ကြောက်ရသည်ဟူသော သတင်းများကို သူကြားဖူးလေသည်။

𝗟𝗢𝗥𝗗 𝗛𝗘𝗘 [𝗛𝗘𝗘𝗝𝗔𝗞𝗘 𝗝𝗔𝗬𝗛𝗢𝗢𝗡]Where stories live. Discover now