Zawgyi
သွေးညှီပုပ်နံ့ လွင်လွင်ရတဲ့ အခန်းထဲသို့
လူတစ်ဦးဝင်ရောက်လာခဲ့သည်။
ထိုသူသည် နှာခေါင်းကို လက်ဖြင့်ပိတ်လိုက်ပြီး တစ်ခန်းလုံးကို ဝေ့ဝဲကြည့်လေသည်။"ထပ်လုပ်ထားပြန်ပြီလား မင်းငါ့ကို ကတိပေးထားတယ်မလား ဒါတွေထပ်မလုပ်ပါဘူးလို့ "
အခန်းထောင့်ရှိ ဆုံလည်ထိုင်ခုံတွင်ထိုင်နေသော သူ့ဆီဦးတည်ကာသွားလျက် အေးစက်စက်စကားကို ဆိုသည်။
ထိုင်ခုံပေါ်ကသူကတော့ အေးဆေးတည်ငြိမ်စွာ တင်ပါးဖြင့်ထိုင်ခုံကို လှည့်နေသည်။"ငါသတိပေးရုံပါပဲ အဲ့ကောင်လေးကို လန့်စေဖို့ပဲရည်ရွယ်တာ ပြီးတော့ သူပျောက်ကွယ်သွားမှရမယ် ဒါမှငါလည်း အေးအေးချမ်းချမ်းရှင်သန်နိုင်မှာ"
"တော်ပါတော့ကွာ သူလည်းသူ့ဘဝနဲ့သူအေးချမ်းနေပြီ မင်းကိုတောင် မှတ်မိမှာမဟုတ်ဘူး "
" မှတ်မိသွားရင်ရော ??"
"မင်းနဲ့ အေးအေးချမ်းချမ်းနေချင်လို့ သားကိုပါထားပစ်ခဲ့ပြီး မင်းနောက်လိုက်ခဲ့ရတဲ့ ငါ့အတွက်ကရော မင်းငါ့အတွက်နည်းနည်းမှမကြည့်ဘူးလား "
ဆုံလည်ထိုင်ခုံမှ လူသည် ထိုစကားကြားတော့မှ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ မတ်တပ်ထရပ်လေသည်။ ထို့နောက် သူ၏ရှေ့တွင်ရပ်နေသော ရွယ်တူအမျိုးသားကို ပွေ့ဖွက်လျက်....
"အင်းပါ ငါကတိပေးတယ် ထပ်မလုပ်တော့ဘူး မင်းဖြစ်စေချင်သလိုပဲနေတော့မယ် "
________________________________
"ဒီအပေါ်ကို ဘယ်လိုတက်လာတာလဲ "
Jake ၏ အံ့ဩတကြီးမေးသော မေးခွန်းအဆုံး ဟီဆွန်းက မျက်မှောင်ကြုံ့ကာ ငုံ့ကြည့်လေသည်။ သူ၏အကြည့်တွေကစူးရှလွန်းသောကြောင့် ငေးကြည့်နေသော Jake ဘက်ကသာ အရင်ဆုံးမျက်နှာလွှဲရသည်။
အခန်းထဲရောက်သည်နှင့် သူ့အိမ်သူ့ယာလိုပင် Jake၏ ခုတင်တွင်ဝင်ထိုင်လေသည်။
လက်နှစ်ဖက်ကို နောက်ပစ်ကာ ထောက်ထားလျက် လက်နှစ်ဖက်ကို ပွတ်ကာ ဂနာမငြိမ်ဖြစ်နေသော Jakeကို စူးရဲစွာပြန်ကြည့်သည်။