ဟီဆွန်းနိုးလာတော့
အခန်းထဲတွင်မည်သူမျှမရှိ။
ခေါင်းအုံးကို မတ်မတ်ထားလိုက်ကာ
မှီပြီး ထိုင်လိုက်သည်။
ခေါင်းတစ်ခုလုံးကိုက်ခဲနေသောကြောင့်
မျက်ခုံးနှစ်ဖက်ကြား လက်ညိုးနှင့်လက်မကို
အသုံးပြု၍ နှိပ်နှယ်လိုက်သည်။ဖုန်းကို လှမ်းယူကာ နာရီကို
ကြည့်လိုက်တော့ နေ့လည်ဆယ့်နှစ်နာရီ။
သူအကြာကြီး အိပ်လိုက်မိတာပဲ။
ph call notiတွေအများကြီးကို
တွေ့လိုက်တော့ ဟီဆွန်းဖုန်းကို
ကုတင်ပေါ် ဖြစ်သလိုပစ်ချလိုက်သည်။
ခုချိန် Ericတစ်ယောက် သူ့ကို ရှာမတွေ့လို့ခေါင်းခြောက်နေလောက်ပြီ။ခဏကြာတော့ အခန်းထဲသို့
အတွင်းရေးမှူးဂျောင် ဝင်လာသည်။
မျှော်လင့်ထားသူတော့ မပါလာ။
အင်း ဒီအချိန်လောက်ဆို ကျောင်းမှာ
စာသင်နေလောက်ပြီပေါ့။"နိုးပြီလား"
နိုးလို့ ထထိုင်နေတဲ့ လူကို
တွေ့ရဲ့သားနှင့်
နိုးပြီလား မေးလာသည့်
အတွင်းရေးမှူးဂျောင် ကို
ဟီဆွန်း စိတ်မရှည်သည့်ပုံစံဖြင့်
မှုန်တေတေစိုက်ကြည့်လိုက်သည်။စိတ်မရှည်မှုတွေပြည့်နှက်နေသည့်
အခန်းတွင်းအပူချိန်ကို ခံစားမိသည့်
အတွင်းရေးမှူးဂျောင်က
ချောင်းတစ်ချက်ဟန့်လိုက်ပြီး
ကုတင်ဘေး နားသို့ ရောက်လာသည်။"ဂျင်ဆင်းကြက်ပေါင်းလေး
စားလိုက်ပါဦး...
ပြီးရင် ဆေးသောက်ရဦးမှာမို့ပါ"ဂျင်ဆင်းကြက်ပေါင်း ပန်းကန်ကို
သူ့လက်ထဲထည့်ပေးပြီး
စားပွဲပေါ်က သူသောက်မည့်ဆေးကို
ပြင်ပေးနေသည့်
အတွင်းရေးမှူးဂျောင်ကို
ဟီဆွန်း ဘာမှမတုံ့ပြန်ပဲ
ကြက်ပေါင်းကို ဆက်စားနေလိုက်သည်။မသိသည့်သူနှင့် စကားမပြောတတ်သည့်သူ့အကြောင်း ကို အတွင်းရေးမှူးဂျောင်က သိသည့်အလား အလိုက်သိစွာ အခန်းထဲကထွက်ရန်ပြင်သည်။
သူလည်းဆေးသောက်ပြီးနောက် အိပ်ရန်ပြင်လိုက်ပြီးမှ သတိရစွာ
"အင်္ကျီက ဘယ်သူလဲပေးထားတာလဲ"
သူနိုးလာထဲက အင်္ကျီလဲထားတာကို သတိထားမိသည်။
ခန္ဓာကိုယ်ကို သူစိမ်းလူထိသည်ကို
မကြိုက်သောကြောင့်
စိတ်ကသိကအောက်ဖြစ်နေမိသည်။