Ethan group & Double J group
Koreaနိုင်ငံ ဘူဆန်မြို့ရဲ့ နာမည်အကြီးဆုံးနဲ့ အာဏာအရှိဆုံး Group နှစ်ခု...
LORD HEE
LORD HEEသည် Ethan groupရဲ့ အမွှေဆက်ခံသူ CEOအား စီးပွားရေးလောကမှ လူများမှ တင်စားခေါ်ဝေါ်ကြသော နာမည်တစ်ခု။
ဤနာမည်တွင် ဂုဏ်ဒြပ်ပေါင်းများစွာနဲ့ အရှိန်အဝါတစ်ခုက အမြဲတမ်းယှဥ်တွဲ ပါစမြဲ။
အရင်တုန်းက Ethan groupသာ နာမည်ကြီးခဲ့ပြီး
Double J groupဆိုတာ Ethan groupရဲ့ လက်အောက်ခံ ကုမ္ပဏီသာသာ သာဖြစ်ခဲ့သည်။
ယခုအခါတွင်တော့ Groupနှစ်ခုဟာ အပြိုင်အဆိုင်အဖြစ် စီးပွားရေးလောကထဲ နေရာယူထားလေသည်။အရွယ်နဲ့မလိုက်အောင် ထက်မြတ်တဲ့ CEOနှစ်ယောက်ကြောင့် ထိုနယ်ပယ်တွင် Groupနှစ်ခုကို ထိရဲတဲ့သူ ပြိုင်ရဲတဲ့သူမရှိကြ။ အလွန်ဆုံး ထိုမြို့ရဲ့အစိုးရသည်ပင် ထိုGroupနှစ်ခု၏ လက်ခုပ်ထဲက ရေပင်ဖြစ်သည်။ သူတို့အချင်းချင်းသာပြိုင်ဆိုင်တတ်ကြသည်။
အရင်က CEOနှစ်ဦးမှာ အလွန်ရင်းနှီးသော သူငယ်ချင်းတွေဖြစ်ပြီး သူငယ်ချင်းတစ်ယောက်ကြောင့် ဤသို့ ရန်သူတဖွယ် ဖြစ်သွားခြင်းဖြစ်ကြောင်း မြို့တွင် လူအတော်များများက ပြောကြသည်။ သို့သော် အကြောင်းအရင်းအမှန်ကိုတော့ မည်သူမှ မသိကြ။
BUSAN ROYAL PRIVATE COLLAGE
ကျောင်းအုပ်ရုံးခန်းဆိုသည့် ဘုတ်ပြားချိတ်ထားသည့် အခန်းထဲတွင် ဖြူလွှလွှ လူကောင်သေးသေး ကောင်လေးတစ်ယောက်သည် ဆိုဖာပေါ်၌ ခြေချိတ်၍ စတိုင်ကျကျထိုင်နေလေသည်။ ဆိုဖာဘေးတန်းပေါ် လက်နှစ်ဖက်ကတင်ထားလျက် လက်ချောင်းများက ထိုဆိုဖာတွင် လှုပ်ရမ်းနေသည်။
"ကိုကို ကဘာလို့မလာသေးတာလဲ"
"ဟို ဟို အတန်းဝင်နေလို့ပါ "
" အဲ့အတန်းက ပျက်လို့ မရဘူးလား"
ညီတစ်ယောက်လုံးရောက်နေတာတောင် အတန်းသွားတက်သည့် ကိုကို့ကြောင့် စိတ်ကတိုလေပြီ။ မနက်ကလည်း ရန်ဖြစ်နေတာ မသိဘူးထင်နေလားမသိ။ နေမကောင်းလို့ စိတ်ပူတယ် ဘာညာနဲ့ ရုံးခန်းထဲ သူ့ကို ထားခဲ့ပြီ အတန်းကိုပြေးတက်ရလောက်အောင် ဘာကိုစိတ်မချဖြစ်နေလဲ မသိပါ။ စာလိုချင်လို့ တက်တယ်ဆိုတာတော့ မဖြစ်နိုင်။ ကိုကို့အကြောင်း သူသာအသိဆုံး။