Zawgyi
ခဏလောက် စောင့်နေပေမဲ့ ဘယ်သူမှ ပြန်မဖြေကြဘူး
လက်မလျှော့ဘဲ ချင်းချူ တံခါးကို တွန်းမလို့ လုပ်ချိန် သူတို့နောက်က အသံကြားလိုက်ရတယ်
"လူကြီးမင်းကို ဘယ်သူ့ကို ရှာနေကြတာလဲခင်ဗျ"
ဟော်မြန် လှည့်ကြည့်လိုက်တော့ ၁၅ ၁၆လောက် ရှိတဲ့ အရပ်ရှည်ပြီး အသားမဲတဲ့ ကောင်လေးတစ်ယောက်ကို တွေ့တယ်သူက ဘတ်စကတ်ဘောလုံးကို ကိုင်ထားပြီး သူ့အင်္ကျီမှာလဲ ချွေးတွေ ရွှဲနေတယ် ကြည့်ရတာ သူ အပြင်ကနေ ဆော့ပြီး ပြန်လာတဲ့ပုံစံပဲ
"ကောင်ငယ်လေး အစ်မတို့က ဒီအိမ်ပိုင်ရှင်ကို ရှာနေတာပါ မင်း သူ့ကို တွေ့သေးလား"
ဟော်မြန် ယဉ်ကျေးစွာ ပြောလိုက်တယ်"အစ်ကိုတို့က အဘိုးယန်ရဲ့ သွေးဝေးတဲ့ ဆွေမျိုးတွေပါ"
ချင်းချူ ထပ်ပေါင်း ပြောလိုက်တယ်"အစ်ကိုတို့က အဘိုးယန်ကို ရှာနေတာလား"
ကောင်ငယ်လေးက အံ့သြတဲ့ မျက်နှာ ဖြစ်သွားတယ်"သူအိမ်မှာ မရှိဘူးလား လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူပြန်လာတယ်လို့ ကြားထားတာ"
ချင်းချူ ပြောလိုက်တယ်"သူက သေသွားပြီလေ"
ကောင်ငယ်လေးက တွေဝေနေတဲ့အမူအရာနဲ့ ဖြည်းညင်းစွာ ပြောလိုက်တယ်"ဘာ! သေသွားပြီလား "
ချင်းချူနဲ့ ဟော်မြန် တစ်ချိန်တည်း ပြန်မေးမိတယ်"အရင်နေ့ညက ဖြစ်သွားတာ သူ့ကို မနေ့က သဂြိုလ်လိုက်ဖို့ စီစဉ်ထားတာ ဒါပေမဲ့ လပြက္ကဒိန်ရဲ့ ခုနစ်ရက်နဲ့ ရှစ်ရက်မြောက်မှာ လူတွေကို မသဂြိုလ်တဲ့ ဓလေ့ရှိတဲ့အတွက် မနက်ဖြန်ထိ စောင့်နေတာ အဘိုးယန်မှာ ဆွေမျိုးမရှိဘူး သူ့ရဲ့ တစ်ဦးတည်းသော တူမက တောင်ပိုင်းမှာ ကျန်နေခဲ့တာ ဒါပေမဲ့ ကျွန်တော့်အထင် သူမဘဝကလည်း မကောင်းပါဘူး သူ့မှာ ပိုက်ဆံမရှိလို့ ရွာခေါင်းဆောင်က မြို့ရဲ့ ရေခဲတိုက်မှာထားထားပြီး မီးသဂြိုလ်ပြီးရင် မနက်ဖြန် သူ့ကို မြှုပ်မှာ"
"သူကောင်းတယ်လို့ ထင်ထားခဲ့တာ ဘယ်လိုလုပ်ပြီး ရုတ်တရက် ဆုံးသွားရတာလဲ"
ဟော်မြန် စိတ်ပျက်မှုကို မဖုံးကွယ်ထားဘူး သက်သေလေးကို ရှာတွေ့ပြီဆိုမှ ထူးဆန်းစွာပဲ အစပျောက်သွားပြန်တယ်
BẠN ĐANG ĐỌC
အချစ်စတင်ခဲ့ရာ(Volume 3)
Lãng mạnလွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ပြီး သူမကို...