Zawgyi
"ဘာလို့လဲဆိုတော့ မနက်ဖြန်ဖိုင်နယ်မှာ ဆုရဖို့အတွက် ငါ့ယောက်ျားနဲ့ မပြိုင်ချင်လို့ "
ဟော်မြန်ဖြေးလေးစွာ ပြောလိုက်တယ်"အဲ့တော့... အဲ့တာကြောင့်ပေါ့"
ဆုယြီ နည်းနည်း စိတ်ဓာတ်ကျသွားတယ် သူတွေးတာက ဟော်မြန်ရည်ရွယ်ချက်ရှိရှိ အရှုံးပေးတာက သူ့ကို နိုင်စေချင်လို့ လို့တွေးတာ ဒါပေမယ့် သူမက ချင်းချူနဲ့ မပြိုင်ချင်ရုံသက်သက်ပဲတဲ့
တစ်ခါတစ်လေမှာ အမွန္တရားဆိုတာက လူမဆန်တဲ့အရာပဲ"Okay ငါသိပြီ အမွန္ကို ပြောပြပေးတာ ကျေးဇူးပဲ"
ဆုယြီ ခါးသက္စြာ ပြုံးလိုက်ပြီး ဝမ်းပန်းတနည်း ပြန်လှည့်သွားတယ် ဟော်မြန် သူမကိုယ်သူမ မကောင်းဘူးလို့ ခံစားရတယ် သူမ အမှန်တကယ် ဆုယြီကို မနှိပ်စက်ချင်ပေ။ ဒါပေမယ့်လည်း မနက်ဖြန်ဖိုင်နယ်မှာ သူမ ချင်းချူကို ဆန့်ကျင်ပြီး ဆုအတွက် မပြိုင်ချင်ဘူး
ချင်းချူက သူမကို အရမ်းချစ်တာကြောင့် သူ သေချာပေါက် သူမကို အရှုံးပေးမှာပဲ ချင်းချူဖြစ်စေ သူမဖြစ်စေ ၁၈၀မီလီယံကို ဘယ်သူပဲနိုင်နိုင် ကိစ္စမရှိပေမဲ့ချင်းချူက GK ကော်ပိုရေးရှင်းကို ကိုယ်စားပြုနေတယ်လေ ဒါကြောင့် သူမ မပြိုင်ချင်တာဖြစ်တယ် အဲ့အချက်ကြောင့် သူမ ဆုယြီကို အရှုံးပေးလိုက်တာအမွန္တရားကိုတော့ ပြောပြီးပေမဲ့ အမှန်တကယ်လဲ သူမ ဆက်မကစားနိုင်တော့တာ ဖြစ်တယ် သူမအနေနဲ့ တစ်မှတ်ပဲ လျော့နေတာဖြစ်တဲ့အပြင် တခြားကဒ်တွေကလည်း တစ်မှတ်တန်တွေ ဖြစ်ဖို့များပါတယ် ဒါကြောင့် သူမ ဆက်ကစားရင် နိုင်နိုင်ချေရှိတယ်
သူမ မထင်ထားတာက ဆုယြီ သူမနောက်လိုက်လာပြီး မေးလိမ့်မယ်ဟုပင်
"အချစ်လေး ဘာဖြစ်လို့လဲ"
ဟောခန်းပေါက်ဝကနေ ချင်းချူ ထွက်လာတော့ ဟော်မြန် နံရံကို မှီကာ ငေးမောနေတာ မြင်ပြီး မေးလိုက်တယ်"ဘာမှမဖြစ်ပါဘူး စိတ်ထဲ နည်းနည်း ထိုင်းမှိုင်းနေလို့ လမ်းထွက်လျှောက်တာ"
"ကိုယ် အဖော်ပြုပေးမယ်"
ချင်းချူ ဟော်မြန်လက်ကို ကိုင်ကာ နှစ်ယောက်သား ကုန်းပတ်ပေါ် လမ်းလျှောက်ကြတယ် အဆုံး မရှိပင်လယ်လေက လူတွေရဲ့ စိတ္ကို မြှင့်တင်နိုင်တယ်
ESTÁS LEYENDO
အချစ်စတင်ခဲ့ရာ(Volume 3)
Romanceလွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ပြီး သူမကို...