581

167 22 0
                                    

သူမက သူ့ကိုသာ ဂရုစိုက်သည် ၁

ချင်းချူက ကင်မရာရှေ့မှာ တစ်ယောက်တည်း ရပ်နေကာ ဟော်မြန်ကိုတော့ မတွေ့ရပေ။
ထန်ချွမ် အနည်းငယ် အံ့အားသင့်ကာ ဘာလုပ်ရမှန်း မသိတော့ပေ။

ဆုယွီကမူ အလျင်အမြန် ပြန်တုံ့ပြန်လိုက်သည်။ ချင်းချူကို မနှစ်မြို့စွာ ကြည့်လိုက်ပြီး
"ငါ ဟော်မြန်နဲ့ တွေ့ချင်တယ်''

"အိုး ဒါဆို မင်းကံဆိုးတာပဲ ဟော်မြန်က အောက်ထပ်ရောက်သွားပြီ''

ထန်ချွမ် တိတ်ဆိတ်နေသည်။

ဆုယွီလဲ ဘာမှမပြောပေ။

တခဏအကြာတွင် ချင်းချူ ပြုံးကာ ပြောလိုက်သည်။
"ကြည့်ရတာ ဥက္ကဌဆုက အရမ်းအလုပ်မရှုပ်သေးပုံပဲ ငါ ပိုပြီး ကြိုးစားရတော့မှာပဲ''

"မင်းကို ကြောက်မယ် ထင်နေတာလား မင်းရဲ့ လှုပ်ရှားမှုလေးလောက်နဲ့ ငါ့ကို အလဲထိုးနိုင်မယ် ထင်နေတာလား မင်းအတွေးက အရမ်းရိုးရှင်းတာပဲ''
ဆုယွီ ခနဲ့လိုက်သည်။

လွန်ခဲ့တဲ့တစ်နှစ် ချင်းချူ မြို့တော်ကို ပြန်လာတာက အတွင်းရေးအခြေအနေကို မရှင်းလင်းလို့ဆိုတာ သူယုံကြည်သည်။

အဲ့ဒီနှစ်တွေမှာ အင်ပါယာစတားက ပြိုင်ဘက်နဲ့ မတွေ့ဖူးပေမဲ့ ပြိုင်ဘက်နည်းနည်းပါးပါးကတော့ လျို့ဝှက်စွာ အဆုံးသတ်သွားရသည်။

ဆုယွီကို ဆန့်ကျင်တဲ့သူတွေက အဆုံးသတ်လှမှာ မဟုတ်ပေ။

GK က ကြီးမားပြီး ချမ်းသာတဲ့ ကော်ပိုရေးရှင်းဖြစ်ပေမဲ့ အဆိုရှိတယ်မလား 'အင်အားကြီးတဲ့နဂါးက မြွေတစ်ကောင်ရဲ့ ပိုင်နက်မှာတော့ မနင်းခြေနိုင်ဘူး' ဆိုတာ။

သူက မြွေဖြစ်ပြီး ဒါက သူ့ပိုင်နက်ဟု ဆုယွီ ခံစားရသည်။ ပြည်ပမှာ ခုနစ်နှစ်နေပြီး ပြန်လာတဲ့ တစ်စုံတစ်ယောက်ရဲ့ အနိုင်ကျင့်တာကို သူ ခံစရာ အကြောင်းမရှိပေ။

"ကိုယ့်ကိုကိုယ် အပြည့်အဝကြီး မထင်နေပါနဲ့ ငါတို့တွေ့ရမှာပေါ့''
ပြောပြီးသည်နှင့် ချင်းချူ လှည့်ထွက်သွားသည်။

ရုတ်တရက် ချင်းချူ ပြန်လှည့်ကာ ထန်ချွမ်ရဲ့ ဖုန်းထဲက ဆုယွီကို ပြုံးကာ ကြည့်လိုက်သည်။
"အိုး ဒါနဲ့ မင်းဆရာက မင်းကို ဒီဆုံးမစကား ပြောခဲ့ဖူးလား မင်းမပိုင်တဲ့အရာကို အကြာကြီး ခံစားနေလို့မရဘူး ဆိုတာလေ။ ဘယ်လိုပဲဖြစ်ဖြစ် မင်း စိတ်လှုပ်ရှားစရာ ဘဝကို ကြုံတွေ့ရတော့မှာပါ''

အချစ်​စတင်​ခဲ့ရာ(Volume 3)Donde viven las historias. Descúbrelo ahora