553

247 42 2
                                    

ဘယ်သူ ဓာတ်ပုံခိုးရိုက်သွားတာလဲ ၃

"သူက နာမည်ကျော်ကြားတဲ့သူလေ ဒါကြောင့် ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့ ပြီးတော့ သူ့မှတ်ပုံတင်ကဒ်ကနေ သူ့အသက်ကို သိပြီးပြီမလား ဒါကြောင့် ဘယ်သူ့ကိုမှ မပြောပါနဲ့ ဖျော်ဖြေရေးလောကမှာ အသက်က လျို့ဝှက်ချက်တခုဆိုတာ သိတယ်မလား ဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ဒါကို လက်ခံပေးပါ "

"မလိုပါဘူး ကျွန်မလျို့ဝှက်ထားမှာပါ မစိုးရိမ်ပါနဲ့ ပိုက်ဆံပြန်ယူလိုက်ပါ တောင်ပိုင်းရဲ့ အလုပ်သမားတစ်ယောက်အနေနဲ့ ကျွန်မမှာ အခြေခံစည်းမျဉ်းရှိတယ်"
ဟော်မြန် ငြင်းဆန်လိုက်တဲ့အခါ မန်နေဂျာက သူမကို ဖိအားမပေးတော့ဘဲ ထွက်သွားလိုက်သည်။

တကယ်တော့ ဟော်မြန် နိယန်ရဲ့ မှတ်ပုံတင်ကို ကြည့်ပင်မကြည့်လိုက်ပေ။ သူ့အသက်ဘယ်လောက်ဖြစ်ဖြစ် သူမမှာ ဘာမှလုပ်စရာမရှိပေ။

သူမက idolတွေကို ရူးသွပ်နေတဲ့ fangirlမဟုတ်ပေ။ ကျောက်းချင်းရာနဲ့ ကျန်းတုန် လို မိန်းကလေးတောင် သူမ ခံစားလို့မရပေ။

ဆုယွီက ဒီမှာ ရှိနေတာကြောင့် မိန်းကလေးသရုပ်ဆောင်တွေ နေ့တိုင်း လာလည်ကြတာကြောင့် ဆေးရုံက ရုပ်ရှင်ပွဲတော် ဖြစ်လုနီးနီးပင်။
ယောက်ျားလေးသရုပ်ဆောင်တွေတောင် သူတို့သူဌေးကို မနမ်းရုံတမယ်ပင်။

စောနေသေးတဲ့အပြင် ဆေးရုံမှာလဲ ဘာမှလုပ်စရာမရှိတာကြောင့် ဟော်မြန် သူမအမေရဲ့ အိမ်ဟောင်းဆီ မောင်းသွားလိုက်သည်။

ယန်မေ့ရုံက သူမကြောင်ကို လက်မောင်းထဲထည့်ပြီး နေပူထဲ ရေချိုးပေးနေလေသည်။ သူမ ခြံဝန်းထဲ ဝင်လိုက်သည်နှင့် ထိုနွေးထွေးတဲ့ မြင်ကွင်းကို ဟော်မြန် မြင်လိုက်ရသည်။

"အမေ"

"ဘာလို့ပြန်လာတာလဲ"
ယန်မေ့ရုံ ကြည့်လိုက်တော့ ဟော်မြန်ကို တွေ့ကာ ပျော်သွားသည်။

"ဘာမှမဟုတ်ပါဘူး ဒီတိုင်း လာလည်ချင်လို့ အမေ့အတွက် စားသောက်ကုန်နည်းနည်း ဝယ်ခဲ့တယ်"

သူမတစ်ယောက်တည်းရှိတဲ့အချိန် ရိုးရိုးရှင်းရှင်းစားရတာ ကြိုက်တာကို သိတဲ့အတွက် ဟော်မြန် စားသောက်ကုန်စတိုးဆီ ဝင်ကာ အသီးအရွက်နဲ့အသားတွေ ဝယ်လာလေသည်။

အချစ်​စတင်​ခဲ့ရာ(Volume 3)Where stories live. Discover now