580

173 20 0
                                    

ကစားချင်တာလား ကစားကြတာပေါ့ ၁၀

ဝေ့လျောင်နဲ့ ဆုယွီနဲ့ မတူစွာ ထန်ချွမ်က မြှားပစ်ဂိမ်းကို ဝါသနာထုံသူဖြစ်သည်။
ထိုနှစ်ဦးက နိုက်ကလပ်နဲ့ private social clubတွေမှာ အချိန်ဖြုန်းတတ်ပေမဲ့ ထန်ချွမ်ကတော့ ကလေးစိတ်ရှိနေသေးကာ အပေါင်းအသင်းအနည်းငယ်နဲ့ မြှားဂိမ်းဆော့နေတတ်သည်။

ဟော်မြန်ကို ချင်းချူဘေးမှာ ထိုင်လျက် ဒီမှာ တွေ့လးရလိမ့်မယ်လို့ သူမထင်ထားမိပေ။ ထန်ချွမ် သူတို့နှစ်ယောက်ရဲ့ သိပ်မဝေးတဲ့ နေရာမှနေပြီး record video တစ်ခု တိတ်တဆိတ် ရိုက်နေလေသည်။

ပြီးနောက် သူ သူရဲဘောကြောင်စွာဖြင့် ဆုယွီဆီ ပို့ပေးလိုက်လေသည်။

ချင်းချူရဲ့ သူငယ်ချင်းဖြစ်တဲ့ ကောင်းရန်က တစ်ခါတစ်ရံမှသာ အရမ်းစနောက်တတ်သည်။

ဆုယွီရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ထန်ချွမ်နဲ့ ဝေ့လျောင်ကတော့ လွန်လွန်ကြူးကြူး စနောက်တတ်ကာ အမြဲတမ်းလဲ သူ့အတွက် ခုန်ချဖို့ တွင်းတူးပေးတတ်သည်။

Clipက အတိုလေးဖြစ်ပြီး ဟော်မြန်ရဲ့ ပုံရိပ်က သိပ်မသဲကွဲပေမဲ့ ဆုယွီ တချက်ကြည့်လိုက်တာနဲ့ သူမမှန်း တန်းသိသည်။

ထိုအချိန်မှာ သူက အင်ပါယာစတားရဲ့ ရုံးချုပ်က အလုပ်အမှုဆောင်အစည်းအဝေးခန်းမှာ ရှိနေတာ ဖြစ်သည်။

ဗွီဒီယိုကို ကြည့်ပြီးသည်နှင့် ဆုယွီ ခေါင်းမော့ကာ ပြောလိုက်သည်။
"ဒီနေ့ လုပ်ရမဲ့ တာဝန်တွေကို ရှင်းလင်းရဲ့လား''

"ဟုတ်ကဲ့ ဥက္ကဌဆု''
အလုပ်အမှုဆောင် ဒါဇင်ကျော်လုံး ခေါင်းငြိမ့်လိုက်ကြသည်။

ဥက္ကဌက မအိပ်ဘဲ အချိန်ပို အလုပ်လုပ်ခြင်း၊ မိန်းကလေးတွေနဲ့ ကျီစယ်ခြင်း၊ ဒါမှမဟုတ် ညလယ်ကျမှ နိုက်ကလပ်ကို သွားခြင်းတို့ကို လုပ်တဲ့ အခြေအနေမှာ လယ်ဗယ်တစ်ခုကို ရောက်နေလေပြီ။

ကြည့်ရတာ တစ်ခါတစ်ရံ ဆုယွီက တစ်စုံတစ်ခုကို အလေးအနက် ပြင်းပြင်းထန်ထန် လုပ်တတ်သည်။

"ဒါဆို အခုသွားလို့ရပြီ''

ပြောပြီးသည်နှင့် ဆုယွီ ထရပ်ကာ အစည်းအဝေးခန်းထဲမှ ထွက်သွားသည်။

အချစ်​စတင်​ခဲ့ရာ(Volume 3)Où les histoires vivent. Découvrez maintenant