513+514(zawgyi+unicode)

2K 235 22
                                    

513(zawgyi)

တွေဝေခြင်းမရှိ ဟော်မြန် ဒေါ်လာတစ်သောင်းတန် chipကို စားပွဲပေါ် တင်လိုက်တယ်

      "ဒေါ်လာ၁သောင်း"
ပွဲကြည့်ပရိတ်သတ်တွေအကုန် မူးမေ့သွားကုန်တယ် ဒေါ်လာတစ်သောင်းဆိုတာ တော်တော်ကိုများတဲ့ amountလေ လူတိုင်းနီးပါးမှာ ၁ထောင်တန် chips သာ ရှိတယ်

မိန်းမကြီးက အလွန့်အလွန်ကို ယုံကြည်မှုရှိလို့နေတယ် ဒါမဲ့ ဟော်မြန်ရဲ့ တက်ကြွနေပုံကို မြင်လိုက်ရတော့ သူမအနည်းငယ် တွေဝေသွားတယ်

လူတိုင်းကိုပြထားတဲ့ သူမရဲ့ ကဒ်တွေက king,ace,queen
မပြထားတဲ့ သူမဆီမှာရှိတဲ့ကဒ်တွေက ace,king

ဟော်မြန်ကကျ ပြထားတဲ့ကဒ်တွေက queen jack aceနဲ့ မပြထားတဲ့ကဒ်တွေက ရှစ်နဲ့ကိုးပဲ
ဟော်မြန်အနေနဲ့ ပြထားတဲ့ကဒ်ပဲဖြစ်ဖြစ် မပြထားတာပဲဖြစ်ဖြစ် ရှုံးမှာ သေချာနေတာကို
သို့သော်လည်း တခြားလူတွေက ဟော်မြန်မှာ ဘာကဒ်တွေရှိလဲဆိုတာ မသိဘူး သူတို့က ဟော်မြန် သတ္တိရှိရှိ ဒေါ်လာတစ်သောင်းချလိုက်တာကိုသာ မြင်ကြတယ်

     "ဒီမိန်းကလေးမှာ ရှစ် ကိုး တစ်ဆယ် jack queen ဒါမှမဟုတ် တစ်ဆယ် jack queen king aceရှိတာဖြစ်နိုင်မယ် သူမ ဖဲကစားတဲ့ တခြားလက်တစ်စုံရှိနိုင်တယ်"
မျက်မှန်နဲ့လူက ပြောလိုက်တယ်

ဟော်မြန်ရဲ့ကဒ်တွေဟာ queen jack aceဆိုတာ သူတို့မြင်တယ် kingနဲ့ တစ်ဆယ်ပဲ သူမလက်ထဲ ရှိလိမ့်မယ်လို့ သူတို့ ခန့်မှန်းမိကြတယ်

     "မဒမ် လောင်းကြေးမြှင့်လိုပါသလား အကယ်၍ မြှင့်လိုတယ်ဆို လောင်းကြေးငွေလေးတွေ တင်လိုက်ပါ"
ဖဲဝေသူက စီးကရက်နဲ့ မိန်းမကြီးကို ပြောလိုက်တယ်

သူမ ဟော်မြန်ကို မကြည့်ခင် ငါးစက္ကန့်လောက် တွေဝေသွားတယ် မိန်းမငယ်ရဲ့ မျက်နှာမှာ ယုံကြည်မှုတွေနဲ့ ပြည့်နှက်လို့နေတာကို တွေ့လိုက်ရတယ်

မိန်းမကြီး အံကိုကြိတ်လိုက်ပြီး သူမရဲ့ကဒ်ကို ချလိုက်တယ် ပြီး သူမပြောလိုက်တယ်
    "I fold"

     "အနိုင်ရရှိသူကတော့ ဟောဒီက မိန်းမပျိုပဲဖြစ်ပါတယ်"
ဖဲဝေသူက မိန်းမကြီးရဲ့ကဒ်တွေနဲ့ဒဏ်ကြေးတွေကို ဟော်မြန်ဘက် တွန်းပို့ကာ ပြောလိုက်တယ်
ဟော်မြန် ဒေါ်လာ၁၄၀၀၀လောက် နိုင်လိုက်သည်
ကျေနပ်လောက်ဖွယ်တော့ မဟုတ်ဘူး

အချစ်​စတင်​ခဲ့ရာ(Volume 3)حيث تعيش القصص. اكتشف الآن