Chapter 606
ပင်ကိုစွမ်းရည်အတွက် ယှဉ်ပြိုင်ခြင်း ၆
"မစိုးရိမ်ပါနဲ့ ငါ နင့်ကို စုံစမ်းနေတာ မဟုတ်ဘူး အခွင့်အရေးရှိလို့ ရှာတွေ့သွားတာပါ ဘာပဲဖြစ်ဖြစ် ငါ နင့်ကို အရမ်းစိတ်ဝင်စားတယ်"
"အဲ့တော့?"
"အဲ့တော့ နင်ငါနဲ့ သူငယ်ချင်း လုပ်ရမယ်"
ကျန်းရှောင်ဝေ အထက်စီးမှ ပြောလိုက်သည်။"ပြောချင်တာက ကျွန်မမှာ ရွေးစရာမရှိဘူးပေါ့ အစ်မ ကျွန်မကို ခြိမ်းခြောက်နေတာလား"
ဟော်မြန် ပြုံးလိုက်သည်။"ဒါပေါ့ ခြိမ်းခြောက်နေတာလေ နင်ငါနဲ့ သူငယ်ချင်း လုပ်ကိုလုပ်ရမယ်"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ ငါက ငါ့လို ပါးနပ်တဲ့ တော်တဲ့သူနဲ့ သူငယ်ချင်းဖြစ်ချင်တာလေ"
"ကျန်းမိန်းကလေး မိန်းကလေးက တော်ရုံတန်ရုံတော့ မဟုတ်တော့ဘူးပဲ"
"ဘာလို့ ငါက တော်တန်ရုံ ဖြစ်ရမှာလဲ ငါက လူတော်ပဲလေ အဲ့တာ အမှန်တရားပဲ"
"အမ်...အိုကေ"
"ဒါဆို သဘောတူလိုက်တာလား"
ကျန်းရှောင်ဝေ ဟော်မြန်ကို အဖြေစကားစောင့်နေဟန်နဲ့ ကြည့်လိုက်သည်။"Ya"
ဟော်မြန် ခေါင်းညိတ်လိုက်သည်။ပြီးနောက် ကျန်းရှောင်ဝေ အိတ်ထဲက တစ်ခုခုထုတ်ပြီး စားပွဲပေါ်တင်လိုက်တာကို သူမမြင်လိုက်ရသည်။
"ဒါက နင့်အတွက် ၂၅နှစ်အတွင်း ပထမဆုံးသူငယ်ချင်း ဖြစ်တဲ့ အနေနဲ့ ပေးတာ"
ဟော်မြန် အံ့အားသင့်သွားသည်။ ၂၅နှစ်အတွင်း ပထမဆုံးသူငယ်ချင်း? သူမက ဘယ်လိုလူမျိုးလဲဟ!
"အစ်မ ကျွန်မကို ဘာမှပေးစရာမလိုသလို ယဉ်ယဉ်ကျေးကျေး ဆက်ဆံစရာလဲမလိုပါဘူး"
"ဟင့်အင်း ယူလိုက်ပါ ငါ သူများတွေကို လက်ဆောင်ပေးခဲတယ် ပြီးတော့ ဒီနေ့ ငါ ဒီကို ရည်ရွယ်ချက်ရှိရှိ လာတာ အဲ့ရည်ရွယ်ချက်ကလဲ နင်နဲ့ သူငယ်ချင်းဖြစ်ဖို့ပဲ ဒါကြောင့် ငါ လက်ဆောင်ပြင်လာတာ"
ဟော်မြန် ဖြည်းညင်းစွာ လက်ဆောင်သေတ္တာလေးကို ယူကာ ဖွင့်ကြည့်လိုက်တော့ Swarovski ရင်ထိုးကို တွေ့လိုက်ရလေ၏။
أنت تقرأ
အချစ်စတင်ခဲ့ရာ(Volume 3)
عاطفيةလွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ပြီး သူမကို...