သူမက သူ့ကိုသာ ဂရုစိုက်တယ် ၂
"မလိုဘူး''
ဟော်မြန် ချက်ချင်း ငြင်းဆန်လိုက်သည်။"လာစမ်းပါ ကိုယ် ဘောက်ဆူး မတောင်းပါဘူး''
ချင်းချူ စနောက်လိုက်သည်။ဟော်မြန် ပြန်မပြောခင်မှာပင် ချင်းချူ သူမရဲ့ ပိုးသားညဝတ်အင်္ကျီပေါ် ရောက်သွားသည်။
အိပ်ရာပေါ်က ချင်းချူရဲ့ ကျွမ်းကျင်တဲ့ လှုပ်ရှားမှုတွေကြောင့် ဟော်မြန် ကိုယ်တွင်းအင်္ဂါတွေ ခုန်လှုပ်တာကို ခံစားမိလေသည်။
သူမတို့ အိမ်ထောင်ပြုတာ အချိန်ကြာပြီဖြစ်ကာ ဒါကိုလဲ အကြိမ်များစွာ လုပ်ပြီးပြီပင်။ ဒါပေမဲ့....
ချင်းချူရဲ့ ချစ်စိတ်ပြင်းပြမှုကို ကြုံတွေ့ရတဲ့အခါ ဟော်မြန် သူမက ရှက်တတ်တဲ့ မိန်းကလေးဟုပင် ခံစားမိနေတုန်းပင်။
ငါ ရှက်နေတယ်..ငါရှက်နေတယ်..ငါရှက်နေတယ်.. ဟော်မြန် အဆတ်မပြတ် တွေးနေသည်။
သူမ အရေးကြီးတဲ့ ဒီအချက်ကို သုံးခါ ပြန်ဆိုနေမိသည်။
"ရှင် ဘောက်ဆူး မယူချင်ရင်တောင် ကျွန်မ မလိုချင်ဘူး''
ဟော်မြန် တစ်ဖက်ကို လှည့်လိုက်ကာ ချင်းချူရဲ့ လက်ကို ဖယ်လိုက်သည်။
သူမ ငြင်းဆိုနေတာပေမဲ့ သူ့ကို ပြုံးကာ ပြောနေတုန်းဖြစ်သည်။ချင်းချူရဲ့ လက်က ရပ်သွားပေမဲ့ သူ လက်မလျှော့သွားပေ။ အဲ့အစား သူခေါင်းကို ငုံ့ကာ ဟော်မြန် ဆတ်ဆတ်ထိမခံနိုင်တဲ့ ဇက်ပိုးနဲ့ နားရွက်ကို နှုတ်ခမ်းနဲ့ လိုက်ကိုက်နေသည်။
"ရှင်က ဝံပုလွေလား ကျွန်မ ရှင့်ကို ဘယ်တော့မှ လုံလောက်အောင် မကျွေးနိုင်ဘူးလို့ ခံစားမိတယ်''
ဟော်မြန် ပူဆွေးသွားသည်။"No ကိုယ်က ရောင့်ရဲလွယ်တဲ့သူပါ အဲ့ဒါကို တစ်နေ့တစ်ကြိမ်ပဲ လိုတာ''
တစ်နေ့တစ်ကြိမ်? တကယ်ကြီးလား? သူမ ဘာမှမပြောခင် သူ့ခန္တာကိုယ်ကြီးနဲ့ ဟော်မြန့်ကိုယ်ကို တင်းတင်းကျပ်ကျပ် ချုပ်ထားရာကနေ ချင်းချူ သူမကို အောက်ပို့လိုက်တာကို သူမ တွေ့လိုက်ရသည်။
နာရီအများကြီး သူတို့နှစ်ယောက် လှုပ်ရှားနေရင်းနဲ့ ညက မှောင်လာလေသည်။
ESTÁS LEYENDO
အချစ်စတင်ခဲ့ရာ(Volume 3)
Romanceလွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ပြီး သူမကို...