547: ငါက မင်းရဲ့ အစ်ကိုလေးပဲ ၇

251 30 1
                                    

ငါက မင်းရဲ့ အစ်ကိုလေးပဲ ၇

"တောင်းပန်ဖို့မလိုပါဘူး ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်တဲ့အရာတွေ မင်းမလုပ်ထားပါဘူး"
ဟော်မြန် အေးစက်စွာ ပြောလိုက်သည်။

"မမ ကျွန်တော် မမကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ မဟုတ်ပါဘူး"
ဇီရှင်း ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။

"စီနီယာအစ်မ ကျွန်မက ဇီရှင်းကို အရင်လိုက်ခဲ့တာမို့ ဆူချင်ရင် ကျွန်မကို ဆူပါ သူ အစ်မကို ဆေးရုံမှာ လာရှာကတည်းက ကျွန်မသူ့ကို ကြိုက်သွားတာပါ နောက်ပိုင်း ကျွန်မသူ့ကို wechat တောင်းပြီး စတွဲခဲ့တာပါ"

"မင်းကိုလဲ အစ်မမဆူချင်ပါဘူး မင်းတို့က ကလေးတွေမှ မဟုတ်တော့တာ ဆုံးဖြတ်ချက်ချနိုင်တဲ့အရွယ် ရောက်နေပြီ မင်းတို့ အကျိုးအကြောင်း စဉ်းစားနိုင်မယ်လို့ မျှော်လင့်ပါတယ် ငါမင်းတို့ကို ဒီလိုငယ်ရွယ်တဲ့အချိန် တွဲတာကို သဘောမတူတာက ပထမအချက် မင်းတို့က ငယ်သေးလို့ မင်းတို့ဘဝတွေက မတည်ငြိမ်သေးဘူး ဒါကြောင့် မင်းတို့အနာဂတ်ကလဲ မသေချာဘူး ဒုတိယအချက် မင်းတို့​ကောင်းကောင်း သိမယ်လို့ ထင်တယ် မင်းတို့က ဘာမှမသိတဲ့ ဖြူစင်သူလေးတွေ ဒါကြောင့် မင်းတို့ဆက်ဆံရေးက အဆုံးသတ်မကောင်းခဲ့ရင် မင်းတို့ပဲ နာကျင်ရမှာ အဲ့တာက မင်းတို့ကို သေမတတ် ခံစားရစေလိမ့်မယ် တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့ဖို့ အတွေ့အကြံမရှိတဲ့ လူနှစ်ယောက်အတွက် အဲ့တာက အန္တရာယ်ရှိတယ် ဘာလို့လဲဆိုတော့ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဂရုစိုက်ရမလဲ မသိတဲ့အခါ ပြဿနာတွေ ဖြစ်စေလိမ့်မယ်"

"မမနဲ့ အစ်ကိုချင်းချူရော မဖြစ်ခဲ့ဘူးလား"

"တိတ်စမ်း ငါတို့က မတူဘူး ဇီရှင်း ငါက အဲ့တာကို ဆန့်ကျင်နေတာ မဟုတ်ဘူး မင်းအတွက် အကောင်းဆုံးကို လုပ်ပေးနေတာ"

"မမ ကျွန်တော်တို့က အချစ်စစ်နဲ့ ချစ်တာပါ ကျွန်တော် ရွဲ့ ကို နာကျင်စေမှာ မဟုတ်ဘူး"
ကျင်းဇီရှင်းက တကယ့်ကို ဘာမှမသိတဲ့ ကလေးပင်။

ကျောင်းက မိန်းကလေးတွေ အများကြီး သူ့ကို ကြိုက်ကြပေမဲ့ ဘယ်သူ့ကိုမှ သူပြန်မကြိုက်ခဲ့ပေ။ ဒါပေမဲ့ သူ့ထက် နှစ်နှစ်ကြီးသည့် ဟွမ်ရွဲ့ကိုတော့ ကြွေကျသွားလေသည်။

အချစ်​စတင်​ခဲ့ရာ(Volume 3)Opowieści tętniące życiem. Odkryj je teraz