ငါက မင်းရဲ့ အစ်ကိုလေးပဲ ၆
"ဟင့်အင်း သူမက အရမ်းပါးနပ်တယ် သူမကို သတိပေးသလို မဖြစ်စေချင်ဘူး အခု သူမကို ဖြည်းဖြည်း ပြန်ချဉ်းကပ်ပြီး သူမယုံကြည်မှုကို ရအောင် လုပ်ရမယ် အဲ့နောက်မှ ထပ်ပြောလဲ နောက်မကျပါဘူး ချင်းချူက သူမကို လက်ထပ်မှတော့ သူ က သူမကို တန်ဖိုးထားမှာ အသေအချာပဲ သူမသာ ငါတို့လက်ထဲ ရှိရင် ဟော်စစ်ချန်ကို စိုးရိမ်စရာ မလိုတော့ဘူး"
ဟော်မြန်က်ု အသုံးချပြီး GKကို ချဉ်းကပ်ကာ ဟော်စစ်ချန်ကို ဆန့်ကျင်ဖို့က ဟော်ကျန်းဟိုင်ရဲ့ အစီအစဉ်အသစ်ပင်။
ကားပေါ်တွင် ဟော်မြန် အစက ဟော်စစ်ရီကို ကုန်တိုက်ကို မောင်းခိုင်းပြီး နေ့စဉ်ပစ္စည်းအနည်းငယ် ဝယ်မလို့ပင်။ သို့ပေမဲ့ လမ်းတွင် ရင်းနှီးတဲ့ပုံရိပ်ကို ရုတ်တရက် မြင်လိုက်ရလေသည်။
"ကားရပ်ဦး!"
ဟော်မြန် ရုတ်တရက် အော်လိုက်သည်။"ဟေး အဲ့ခွေးကောင်က မင်းဝမ်းကွဲမောင် ကျင်းဇီရှင်း မလား"
ဟော်စစ်ရီ ပျက်ရယ်ပြုလိုက်သည်။မနေ့က ဇီရှင်း ဟော်မြန်ကို ပြောတာက ဒီနေ့ အတန်းရှိသည်တဲ့ ဘာလို့ အခု မြို့ထဲ ရောက်နေရတာလဲ
ကားက လမ်းဘေးသို့ ဖြည်းညင်းစွာ ရပ်လိုက်ကာ ဟော်မြန် ဆင်းဖို့ ပြင်စဉ်မှာပင် ဇီရှင်းနဲ့ မျက်နှာချင်းဆိုင်က ကောင်မလေးက သူ့ဆီ လျှောက်သွားတာကို သူမမြင်လိုက်ရသည်။
သူမက ချစ်စရာကောင်းတဲ့ ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်အခွေအလိပ်တို့ကို ချထားတဲ့အတွက် သူမပုံစံက ချစ်စရာကောင်းပြီး လှပနေလေသည်။
အဲ့တာ ဟွမ်ရွဲ့ မလား ဟော်မြန်အမူအရာ ရှုပ်ထွေးသွားသည်။ ဒါပေါ့ သူမအထင် မှန်လေသည်။
ဟော်စစ်ရီလဲ ကောင်းကောင်းသတိထားမိပုံရကာ မျက်စိကို မှေးကျဉ်းပြီး ပြောလိုက်သည်။
"ဒီကလေးက ကောင်မလေးရွေးတာ တော်တာ ဘယ်သူသိမှာလဲ မဆိုးပါဘူး ကောင်မလေးက ဂျပန်porn girlပုံစံလေးပဲ""ဟော်စစ်ရီ နင်ငါ့ကို ခေါင်းကိုက်အောင် လုပ်နေတာပဲ"
သူက ငယ်ပေမဲ့ ပါးစပ်ကတော့ ညစ်ပတ်စုတ်ပြတ်လှသည်။ ရှန်းကျားနီ သူ့သားကို ပိုက်ဆံတွေ သုံးပြီး ပျိုးထောင်ခဲ့တာ ဖြုန်းတီးတာပဲဟု ဟော်မြန် တွေးလိုက်သည်။ သူ့မှာ အပြုအမူကောင်းများ မရှိပေ။
BẠN ĐANG ĐỌC
အချစ်စတင်ခဲ့ရာ(Volume 3)
Lãng mạnလွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ပြီး သူမကို...