597-598

213 28 12
                                    

ဒါတွေအားလုံးက ပရိယာယ်တစ်ခုပါပဲ ၇

"မောင် ကျွန်မ မှားမှန်းသိပါပြီ ကျေးဇူးပြုပြီး ထပ်မညှဉ်းပန်းပါန့ဲတော့လား ကျွန်မ အရက်မသောက်ချင်တော့ပါဘူး စွန့်လွှတ်လိုက်ပါ့မယ်"
ဟော်မြန် ငိုချင်ယောင် ဆောင်တော့သည်။

အခု ချင်းချူ တုတ်တုတ်မလှုပ်သေးပေ။

သူမ ဆိုဖာပေါ် ထိုင်နေတာ ကြာပြီဖြစ်ကာ ကော်ဖီသောက်ဖို့ နေနေသာသာ လှုပ်တောင်မလှုပ်ရဲပေ။

ချင်းချူ ဖုန်းကိုသာ အာရုံစိုက်နေကာ အလုပ်များနေပုံပေါ်နေ၏။

သူမ ဒီနည်းလမ်းအတိုင်း မလုပ်နေချင်တော့ပေ။ သူမယောကျ်ား သူမကို အလွယ်တကူ လွှတ်ပေးဖို့အတွက် သူမ နည်းလမ်းသုံးရမယ်ဆိုတာ ဟော်မြန် ရိပ်မိသွားသည်။

ဒါကြောင့် ဟော်မြန် သူမလက်ကို ဗိုက်ပေါ်တင်ကာ ဆိုဖာကို မှီလှဲလိုက်သည်။

သူမရဲ့ ဒီလိုဖြစ်နေတ့ဲ ပုံစံကို မြင်တ့ဲအခါ ချင်းချူ ချက်ချင်း ပြေးလာသည်။

"အချစ်လေး ဘာဖြစ်လို့လဲ"
ဟော်မြန် နာကျင်နေရတာကို တွေ့တ့ဲအခါ ချင်းချူ ပူထူကာ ပျာယာခတ်လာသည်။

"မောင် အစာအိမ်နာတယ်"
ဟော်မြန် မျက်မှောင်ကြုတ်ကာ puppy eyeလေးန့ဲ ချင်းချူကို ကြည့်လိုက်သည်။

"အရက်က မင်းအစာအိမ်ကို လောင်ကျွမ်းစေတယ် ဆေးရုံသွားရအောင်"
ချင်းချူ ဂျတ်ကတ်ကို ယူလိုက်ကာ ဟော်မြန်ကို လက်မောင်းထဲ ထည့်လိုက်သည်။

"ဆေးရုံမသွားချင်ဘူး ဒီနာကျင်မှုန့ဲပဲ သေလိုက်တော့မယ် ငါ့ယောကျ်ားက ငါ့ကို မချစ်တော့ဘူး သူ ငါ့ကို စိတ်ဆိုးနေတာ အသက်ရှင်စရာအကြောင်းမရှိတော့ဘူး ဒါကြောင့် ဒီတိုင်းပဲ သေခွင့်ပေးလိုက်ပါတော့"

ချင်းချူ ဟော်မြန်ကို စိတ်ရှုပ်စွာ ကြည့်လိုက်ကာ သူ့မျက်နှာမှာ ဝမ်းနည်းနေတ့ဲအမူအရာက ထင်ဟပ်လာ၏။

"ဟော်မြန် ကိုယ်မင်းကို ဘယ်လောက်စိတ်ပူလဲ မသိဘူးလား ဟမ်"
ချင်းချူ တစ်ခါမှမခေါ်ဖူးတ့ဲ သူမရဲ့ နာမည်အပြည့်အစုံကို ခေါင်ကာ ပြောလိုက်သည်။

အချစ်​စတင်​ခဲ့ရာ(Volume 3)Where stories live. Discover now