သူ ဘောပင်ဘူးထဲက ဘောပင်တစ်ချောင်း ယူလိုက်ကာ ဟော်မြန်ရဲ့ မျက်နှာပေါ် စဆွဲတော့သည်။
ပါးတစ်ဖက်စီမှာ မျဉ်းသုံးကြောင်းစီဆွဲလိုက်ကာ ဟော်မြန်က အရမ်းချစ်ဖို့ ကောင်းနေလေသည်။
သူနာပြုက ရယ်ချင်ပေမဲ့ မရယ်ရဲဘဲ သူမပါးစပ်ကို လက်ဖြင့် တင်းကျပ်စွာ ပိတ်ထားလေသည်။
ဆုယွီမကျေနပ်သေးဘဲ သူမနဖူးမှာ ပုံဖော်ပေးလိုက်လေသည်။
အခု သူမပုံစံက ကျားရိုင်းမလေးနဲ့ တူနေလေသည်။
ဆုယွီ သူ့လက်ရာကို အရမ်းကြိုက်သွားကာ သူ့ဖုန်းကို ဂရုတစိုက် ထုတ်လိုက်ပြီး အသံတိုးလိုက်သည်။ ထို့နောက် ဟော်မြန်နဲ့ အတူ တစ်ပုံရိုက်လိုက်သည်။
အလှူညစာစားပွဲတုန်းက ပုံမဟုတ်ဘဲ ဟော်မြန်ရဲ့ ဒုတိယပုံပင် ဖြစ်သည်။ ချင်းချူမှာတောင် ဒီလိုအကန့်အသတ်နဲ့ ပုံမရှိတာ သေချာသည်။
သူ စနောက်လို့ ပြီးတော့ ယွမ်၁သောင်း ထုတ်ကာ ဆုယွီ သူနာပြုမလေးဆီ ပစ်ပေးလိုက်သည်။ ထိုယွမ်၁သောင်းမှာ နှုတ်ပိတ်ခဟု ပြောလို့ရသလို ငါသုံးဖို့ ဘောပင်ငှါးတဲ့အတွက် ကျေးဇူးဟုလဲ အဓိပ္ပါယ်ရလေသည်။
ထိုညမှာပင် သူ ဆေးရုံကနေ Lamborghini ကို မောင်းပြီး ထွက်လာခဲ့သည်။ သူ လောင်းကစားနတ်ဘုရားပွဲတွင် Louis XIV ဆုံးရှုံးခဲ့ရလို့ ဝမ်းမနည်းတော့ပေ။ ဒီနေ့မှာ ဓာတ်ပုံလေးတစ်ပုံ ရခဲ့တဲ့အတွက် ကလေးတစ်ယောက်လို ပျော်ရွှင်စွာ ရယ်မောနေခဲ့လေသည်။
ရုတ်တရက် ဟော်မြန်က သူ့ဘဝရဲ့ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပြီဆိုတာ ဆုယွီ သတိပြုမိသွားသည်။
"ဒီမှာ ကြည့်စမ်း"
ဆုယွီ ဖုန်းကို ထုတ်ကာ ခရီးသည်ခုံမှာ ထိုင်နေတဲ့ ဝေ့လျောင်ကို ထိုပုံကို ပြလိုက်လေသည်။"ဟဟ ချစ်ဖို့ကောင်းလိုက်တာ မင်းလုပ်ခဲ့တာလား"
"အင်း"
ဆုယွီ ဂုဏ်ယူစွာ ဖြေလိုက်သည်။"သူမနိုးလာရင်တော့ ရူးခါနေတော့မှာပဲ သူမ မင်းကို ရှာပြီး အရိုးချိုးပစ်မယ်လို့ မထင်ဘူးလား"
أنت تقرأ
အချစ်စတင်ခဲ့ရာ(Volume 3)
عاطفيةလွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ပြီး သူမကို...