ကစားချင်တာလား ကစားကြတာပေါ့ ၁
"ဘာဖြစ်နေလဲ ငါ့ကို မပြောမချင်း မလွှတ်ပေးဘူး"
ဟော်စစ်ချန် အလေးအနက်ဖြစ်တာ ဟော်မြန် မမြင်ဖူးပေ။"ကျွန်မ အူချဉ်နာ ပြန်ဖြစ်လို့''
ဟော်စစ်ချန်ရဲ့ အလျော့မပေးပုံကို ကြည့်ပြီး ဟော်မြန် စိတ်လျော့ရုံမှတစ်ပါး ရွေးစရာမရှိပေ။
"မင်း အူချဉ်နာ ပြန်ဖြစ်တာလား"
ဟော်စစ်ချန် မျက်မှောင်ကြုတ်လိုက်သည်။ဟော်မြန် ပြန်မတုံ့ပြန်တာကို တွေ့တော့ ဟော်စစ်ချန် ဆေးရုံရဲ့ ဆေးပေးခန်းကို သူမကို တွဲခေါ်သွားလိုက်သည်။
"ကျွန်တော့်ကို Omeprazole Magnisium အူဆေးပြား ပေးပါ "
ဟော်စစ်ချန် ဆေးကောင်တာက တစ်ယောက်ကို အလေးအနက် ပြောလိုက်သည်။ဆေးကောင်တာမှာ ရပ်နေတဲ့ သူနာပြုက အိပ်ငိုက်နေတာကြောင့် သူမလှုပ်ရှားမှုတွေက နှေးကွေးနေသည်။ အဲ့အတွက် သူမ အကြည့်စူးစူးတစ်ခုကို လက်ခံရရှိလိုက်ကာ
"မြန်မြန်လုပ်!''
ဟော်စစ်ချန် အသံကို မြှင့်ကာ ထိုသူနာပြုကို အော်လိုက်သည်။သူမ ဟော်စစ်ချန်က်ု လျစ်လျူမရှုရဲတာကြောင့် ဆေးကို မြန်မြန်ထုတ်ကာ သူ့ကို ပေးလိုက်သည်။
ဟော်စစ်ချန် ယွမ်၁၀၀ကို ကောင်တာဆီ ပစ်ပေးလိုက်ကာ ဟော်မြန်ကို တွဲပြီး အဝေးကို ထွက်သွားသည်။
ဒုတိယအထပ် လူနာစောင့်နေရာ၌ ဟော်စစ်ချန် ဟော်မြန်ကို ရေနွေးနွေး တစ်ခွက် ပေးလိုက်သည်။
"သောက်လိုက်"
ဟော်မြန် ဘာမှမပြောဘဲ ဆေးပြားနှစ်ပြားကို ယူကာ မြိုချလိုက်သည်။
"ကျွန်မ ဒီဆေးကို ယူမယ်မှန်း ရှင် ဘယ်လိုသိလဲ"
ဟော်စစ်ချန် သူမကို ဘာလို့ ကောင်းကောင်းကြီး သိနေရလဲ ဟော်မြန် သိချင်မိသည်။သူတို့ နှစ်အများကြီး မတွေ့ခဲ့ဖူးကြဘူးလေ။
"စိတ်မဝင်စားစမ်းနဲ့ မင်းအူချဉ်နာက ဘယ်လိုဖြစ်လို့ ပြန်ဖြစ်ရတာလဲ"
သူမကို သူ စနောက်ရတာ မကြိုက်သလိုမျိုး ဟော်စစ်ချန် အေးစက်စွာ ပြောလိုက်သည်။
ŞİMDİ OKUDUĞUN
အချစ်စတင်ခဲ့ရာ(Volume 3)
Romantizmလွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ပြီး သူမကို...