560

233 39 2
                                    

ဘယ်သူ ဓာတ်ပုံခိုးရိုက်သွားတာလဲ ၁၀

"အမေ ကျွန်တော်ဘာလုပ်နေလဲ သိပါတယ် ကျွန်တော့ကို ငတုံးမဟုတ်ဘူးလို့ အမေယုံကြည်ရင် ကျွန်တော့ဆုံးဖြတ်ချက်ကို ယုံကြည်ပေးပါ အိုကေ?"

"ချူ ငါမင်းကို ပြောတာက.."
မစ္စချင်းစကား မဆုံးသေးခင်မှာပင် သူမသားက သူမကို ဖြတ်ပြောလိုက်သည်။

"ယန် ငါ့အမေ ပင်ပန်းနေပုံပဲ သူမကို အပြင်ပို့ပေးလိုက်"
ချင်းချူ အေးစက်စွာ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ဆရာ"

"မစ္စချင်း ကျေးဇူးပြုပြီး ဒီဘက်ကြွပါ ဥက္ကဌမှာ အရေးကြီးတဲ့ဖိုင်တွေ လက်မှတ်ထိုးစရာရှိလို့ပါ"
ယန်က ဂရုတစိုက် ပြောလိုက်သည်။ သူ ထိုသားအမိနှစ်ယောက်ကြား မြေစာပင်မဖြစ်ချင်ပေ။

အဆုံးမှာတော့ မစ္စချင်း ထွက်သွားဖို့ကလွဲပြီး မတတ်နိုင်တော့ပေ။

ထို့နောက် ချင်းချူ အလုပ်ပြန်လုပ်နေလိုက်သည်။

တနေ့တာ ကုန်ဆုံးတဲ့အခါ ချင်းချူ ကွန်ပြုတာပိတ်လိုက်ပြီး ယန်ကို ပြောလိုက်သည်။
"ငါ့ကို ပြောကြည့်စမ်း မင်းအမေနဲ့ မင်းမိန်းမ ရေထဲ အတူ ပြုတ်ကျသွားရင် ဘယ်သူ့ကို အရင်ကယ်မလဲ"

"ဆရာ ဟာသလာပြောနေတာလား"

"မြန်မြန်ဖြေစမ်းပါ"

"ကျွန်တော့အမေပေါ့"
ယန် ယုံကြည်မှုရှိစွာ ဖြေလိုက်သည်။

"မင်းက အရမ်းသားသမီးပီသတာပဲ"
ယန်က ဇနီးကိုအရမ်းချစ်တာကြောင့် အမေကိုပဲ တွေဝေခြင်းမရှိ ရွေးလိုက်တဲ့အခါ ချင်းချူ အနည်းငယ် အံ့အားသင့်သွားသည်။

"ကျွန်တော့မိန်းမက ရေကူးတတ်တယ်လေ ဟဟ"

ချင်းချူ ''...''

"ဒီလ မင်း ဘောနပ်စ်မရဘူး"
ချင်းချူ ထွက်သွားဖို့ ပြင်လိုက်သည်။

"ဆရာ ကျွန်တော့အဖြေကို မကျေနပ်တာကြောင့်နဲ့ ဘောနပ်စ်ကို မဖြတ်နဲ့လေ ကောင်းပြီ ဒါဆို ကျွန်တော် ဇနီးကိုရွေးတယ်"

"နောက်လလဲ ဘောနပ်စ်မရဘူး မင်းက သားသမီးမပီသဘူး"
ချင်းချူ အလေးအနက်ပြောလိုက်သည်။

အချစ်​စတင်​ခဲ့ရာ(Volume 3)Nơi câu chuyện tồn tại. Hãy khám phá bây giờ