542: ငါက မင်းရဲ့ အစ်ကိုလေးပဲ ၂

304 44 3
                                    

zawgyi

ဆုယြီ ချက်ချင်း အချက်ပြတာကို သိလိုက္ကာ အထီးကျန်မှုကို ခံစားရင်း လှည့်ပြန်သွားလေသည်။

ဟော်မြန် Video callကို လက်ခံလိုက်သည်။ ချင်းချူက အလုပ်မှာပဲ ရှိသေးတာကြောင့် သူ့နောက်ခံက ရုံးခန်းထဲက ပုံစံဖြစ်နေသည်။

"အချစ်လေး ဗိုက်ဆာနေလား"

"Nope"

"ကိုယ် မင်းအတွက် ညလယ်စာမှာထားတယ် မိနစ်၃၀နေရင် ရောက်လိမ့်မယ် စားဖို့ မမေ့နဲ့နော်"
ချင်းချူ သူမကို ကြင်နာစွာ သတိပေးသည်။

"ကျွန်မအခုတလော ဝလာတာကို ဘာလို့ ကျွေးနေတာလဲ ကျွန်မကို ဝက်ဖြစ်စေချင်နေတာလား"

"ဒါက.. ကိုယ်မစိုးရိမ်ပါဘူး ကိုယ်မင်းကို ဝိတ်မကျစေချင်လို့ပါ"
ချင်းချူ ဟော်မြန်ရဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှုနားက milkteaတစ္ခြက္ကို တွေ့လိုက်ရသည်။

အဲ့တာက ဈေးကြီးတဲ့ milktea brandတစ်ခုပင်။ ဟော်မြန် ချမ်းသာနေရင်တောင် ဒီလိုဈေးကြီးတာမျိုး ဘယ်တော့မှ ဝယ်သောက်မှာ မဟုတ်ပေ။

ဒါပေမဲ့ ချင်းချူ သူမကို တိုက်ရိုက်မမေးဘဲ
"ကျူလင်းလင်း ဆေးရုံကို လာလည်သေးတာလား"

"ဟင့်အင်း အခု သူမ လေယာဉ်တက်နေမှာပေါ့"

"အိုး"

"ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူး ကိုယ့်ကိုကိုယ် ဂရုစိုက် ကိုယ်မင်းကို မနက်ဖြန်မနက် လာကြိုမယ် ပြီးရင် မနက်စာအတူစားကြမယ်"

"ကောင်းတာပေါ့ ရှင်လဲ ဂရုစိုက် အလုပ်အရမ်းမလုပ်နဲ့"
ဖုန်းမချခင် ဟော်မြန် သူ့ကို ပြုံးပြလိုက်သည်။

ချင်းချူ ဖုန်းချပြီးနောက် သူ့အမူအရာက အေးစက်လာသည်။

သူ့ကို ရှုံးပြီးတာတောင် တစ်စုံတစ်ယောက်က လက်မလျှော့သေးဘူးပဲ

"ယန်"

"ဆရာ ဘာလုပ်ပေးရမလဲ"
အတွင်းရေးမှုးယန် ချက်ချင်း သူ့ရုံခန်းထဲ ပြေးဝင်လာသည်။

"အင်ပါယာစတားက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမှာပဲ ရင်းနှီးမြှုပ်နှံထားတာလား တခြားရှိသေးလား"

အချစ်​စတင်​ခဲ့ရာ(Volume 3)Where stories live. Discover now