536: အတိတ်မှာ မင်းအပေါ် အကြွေးတစ်ခုတင်ထားတယ် ၆

308 41 7
                                    

မေ့သွားလို့ပါ တောင်းပန်ပါတယ် 😁

Zawgyi

အတိတ်မှာ မင်းအပေါ် အကြွေးတစ်ခုတင်ထားတယ် ၆

"ငါ့မြည်းကိုပဲ လုပ် ပင်ပန်းနေတယ် အိပ်တော့မယ်"
(စာလုံးပေါင်း မမှားပါဘူးနော် သူက Do it my ass လို့ရေးထားတာ😁)

ဟော်မြန်အဝတ်အစားပင် မလဲနိုင်တော့ဘဲ နွေးထွေးလွန်းတဲ့ ချင်းချူရဲ့ လက်မောင်းပေါ်မှာ မ်က္လုံးကို မှိတ်ထားလိုက်သည်။

"ပြောတာကောင်းတယ် ထပ်ပေါင်းပြောမယ်ဆို ဒီနေရာက ကျဉ်းလွန်းတယ် တချို့ပုံစံတွေ ကိုယ်တို့ လုပ်လို့မရဘူး"
ချင်းချူ ရယ်မောလိုက်သည်။

ဟော်မြန် မျက်လုံးကိုမှိတ်ထားပေမဲ့လည်း လက်သီးဆုပ္ကာ ချင်းချူအား အသာထုလိုက်သည်။
"ညစ်ပတ်တာတွေ မတွေးနဲ့တော့ မစ္စတာချင်း အိပ်တော့"

"အချစ်လေး အခု.."
ချင်းချူ အောက်ထပ်မှာ သူမရခဲ့တဲ့ အချက်အလက်တွေကို မေးချင်နေသည်။
ဒါပေမဲ့ ဟော်မြန် ရုတ်တရက် မျက်လုံးဖွင့်ကာ သူ့အား ကြည့်လိုက်တော့ သူမအကြည့်တို့ကို နားလည်စွာ အကြောင်းအရာကို ပြောင်းလိုက်သည်။
"အောက်ထပ်သွားတာ အရမ်းကြာတာပဲ ကိုယ်လွမ်းနေတာကို"

"ဟုတ်ပါပြီ အိပ်တော့ မနက်ဖြန် လမ်းမဘက် သြားရဦးမွာကို"

အဲ့ဒီနောက် နှစ်ယောက်လုံး အဝတ်အစားမလဲဘဲ အိပ်စက်လိုက်ကြသည်။

အမှန်တကယ်တော့ ဟော်မြန်မှာ အိပ်မပျော်ပေ။ မ်က္လုံးတစ္စုံက သူမအား ကြည့်နေသည်ဟု ခံစားမိခြင်းကြောင့် နိုးနေမိသည်။

အဆုံးမှာတော့ သူမအရမ်းပင်ပန်းနေတာကြောင့် အိပ်ပျော်သွားပြီး ထူးဆန်းတဲ့ အိမ္မက္တစ္ခုကို မက်ခဲ့သည်။

အိမ်မက်ထဲမှာ ဦးလေးယန်က သူမသေခင် အိမ်အိုလေးရဲ့ အပြင်ဘက်မှာ ကြောင်နက်လေးတစ်ကောင်ကို ပွေ့ရင်း ထိုင်နေခဲ့တယ်တဲ့
အရိပ္တစ္ခုက သူ့အိမ်အိုလေးရဲ့ အပြင်ဘက်မှာ ရပ်နေပြီး ဘယ်သူလဲဆိုတာတော့  ဟော်မြန် မသိခဲ့ဘူး သူမ အဲ့ဒီပုံရိပ်နောက် လိုက်ပြီး သူ့အား ဖမ်းချင်ပေမဲ့ မရောက်နိုင်ခဲ့ဘူး နောက်ဆုံးမှာတော့ သူမနိုးလာခဲ့တယ်

အချစ်​စတင်​ခဲ့ရာ(Volume 3)حيث تعيش القصص. اكتشف الآن