532: အတိတ်မှာ မင်းအပေါ် အကြွေးတစ်ခုတင်ထားတယ် ၂

368 58 2
                                    

Zawgyi

"ကိုယ်မသေချာဘူး ဒါပေမယ့် သူက သံသယအရှိဆုံးပဲ".

"ကျွန်မတို့ ဒီတိုင်း ထွက်သွားတော့မှာလား ဦးလေးယန်ရဲ့ အိမ်ဟောင်းကို ထပ်သွားမကြည့်တော့ဘူးလား"
ဟော်မြန် ထိုကြောက်စရာအိမ်အိုအား ထပ်သွားရမှာ ကြောက်သော်လည်း သွားချင်သေးသည် သူတို့ မဖုံးထားတဲ့ သက်သေ ရှာတွေ့နိုင်သည်လေ

တခြားတဖက်မှာတော့ ချင်းချုက ခေါင်းခါလိုက်ကာ
"အန္တာရာယ်ကြီးလွန်းတယ် ဦးလေးယန်က အသတ်ခံရတာဆိုရင် လူသတ်သမားရဲ့ မျက်လုံးက အဲ့ဒီအိမ်မှာ ရှိနေဦးမှာပဲ(စောင့်ကြည့်နေတယ်ဟုဆိုလို) ကိုယ်တို့ မြို့ကနေ ထွက်လာပြီး ဒီရွာကို လာလည်တာကိုက အတော်လေး လှုပ်ခတ်စေနေပြီ ကိုယ်တို့သာ အဲ့အိမ်ကို ထပ်သွားရင် အိပ်နေတဲ့ခွေးကို နှိုးသလို ဖြစ်သွားလိမ့်မယ် ထပ်ပြောရရင် သူအသတ်ခံရတယ်ပဲထား သူ့ကို သတ်ပြီး သဲလြန္စတြေ ချန်ခဲ့မယ်လို့ ထင်လား"

"ကျွန်မ လက်မလျှော့ချင်ရုံပါ"
ချင်းချူ ဘာကို ဆိုလိုလဲ ဟော်မြန်သိသည်။ သို့သော် မျှော်လင့်ချက်အား လက်မလျှော့ချင်တာတော့ အမှန်ပင်။ သူမမိဘရင်းတွေရဲ့ သဲလွန်စကို နီးကပ်လာပြီဆိုမှ သဲလွန်စက  ပျောက်ကွယ်သွားသည်က ဘယ်လောက် ခံရခက်စေတဲ့ ခံစားချက်ကြီးလဲ

ချင်းချူ လက်တစ်ဖက်အား စတီယာရင်ပေါ် ထားပြီး နောက်တစ်ဖက်က ဟော်မြန်လက်အား ဆုပ်ကိုင်ကာ ညင်သာစွာ နှစ်သိမ့်လိုက်သည်။

"ကိုယ်သိတယ် မြန် မင်းပိုပြီး တည်ငြိမ်နေဖို့လိုတယ် တစ်နေ့ ပြဿနာတွေ အားလုံး ပြေလည်သွားလိမ့်မယ် ကိုယ်အသက်ရှင်သရွေ့ မင်းကို မွေးခဲ့တဲ့ မိဘေတြကို ရေဆုံးမြေဆုံး လိုက်ရှာပေးမယ် မင်းတို့ ပြန်ပြီးပေါင်းစည်းနိုင်အောင် တတ်နိုင်သမျှ ကိုယ်ကူညီပေးချင်တယ်"

"ဖြစ်နိုင်တာ သူတို့ ကျွန်မကို မတွေ့ချင်ကြဘူး ထင်တယ်"
ဟော်မြန် ခါတိုင်း တည်ငြိမ်နေပေမဲ့ အခုတော့ အနည်းငယ် ဖိအားဖြစ်နေသည်။

"မဟုတ်ပါဘူး သူတို့မှာသာ ဒီလို ချစ်စရာကောင်းတဲ့ သမီးလေးရှိတာ သိရင် အရမ်းပျော်ရွှင်နေကြမှာ"
ချင်းချူ သူမကို နှစ်သိမ့်ပေးလိုက်သည်။

အချစ်​စတင်​ခဲ့ရာ(Volume 3)حيث تعيش القصص. اكتشف الآن