511+512(zawgyi+unicode)

2.5K 266 33
                                    

511
Zawgyi

   "သူတို့က ဒီအပျော်သင်္ဘောပေါ်က ထွက်ခွာဖို့ဖိအားမပေးခံရပါဘူး ဒါမဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေးဆုံးရှုံးရင်  ပွဲကြည့်ပရိတ်သတ်ပဲ ဖြစ်သွားမှာ "

ချင်းချူပြောလိုက်တယ်

  "Oh! အ့ဒါကောင်းတယ်"
ရှုံးတဲ့လူတွေက သင်္ဘောပေါ်က မထွက်ခွာရဘူးဆိုတာ သိတော့ သူမနှလုံးသားလေး တည်ငြိမ်သွားတယ်

"ကောင်မလေးရာ မစိုးရိမ်ပါနဲ့ နင့်ရဲ့ မဟာရွှေဉာဏ်တော်နဲ့ဆို အဲ့ဖယ်ထုတ်ခံရမဲ့ အယောက်ငါးဆယ်ထဲ ပါမှာ မဟုတ်ဘူး "
ကျူလင်းလင်း ဟော်မြန်ရဲ့ လည်ပင်းကို ဖက်လိုက်ပြီး
ရယ်လိုက်တယ်

    "ငါစိုးရိမ်တာ နင့်အတွက်ပါ ကလေးမရာ နင်အဲ့အယောက်ငါးဆယ်ထဲ ပါသွားမှာစိုးတာ"
ဟော်မြန် ကူကယ်ရာမဲ့စွာ ပြောလိုက်တယ်

    "Hahaha"
ကောင်းရန် ရယ်မိတယ်

       "နင်က ဘာလို့ရယ်တာလဲ သေချာတယ် အဲ့လူငါးဆယ်ထဲ နင်က ငါ့အရင်ပါမှာ"
ကျူလင်းလင်း ကောင်းရန်ကို မျက်စောင်းထိုးကာ ပြောလိုက်တယ်

     "မဖြစ်နိုင်တာ ငါ့IQက ဟော်မြန်လောက်မမြင့်ပေမဲ့ အဲ့လူငါးဆယ်ထဲ ငါပါသွားစရာအကြောင်းမရှိဘူး ဒုတိယနေ့ထိ ကျန်ဦးမှာ"
ကောင်းရန် confidence အပြည့်နဲ့ ပြောလိုက်တယ်

    "ဟမ့် မဖြစ်နိုင်တာ နင်မကြာခင် ကျရှုံးမှာ စောင့်ကြည့်နေမယ်"
ကျူလင်းလင်းက သူကို မယုံတာ အရှင်းကြီးပါ

ချင်းချူ ကတော့ ဘာမှအများကြီးမပြောဘူး သူတို့လေးယောက် ညစာစားပြီးတော့ Cloud Hallရှိရာ ထွက်လာခ့ကြတယ်

Cloud Hallကို ခမ်းနားစွာ ပြင်ဆင်ထားတယ်
မျက်နှာကျက်က တိမ်တွေနဲ့အတူရှိနေတဲ့ အပြာရောင်ကောင်းကင်ပုံစံပြင်ဆင်ထားပြီး အထဲကလူတွေကို နေ့ဘက်သဖွယ် ခံစားရစေတယ်

    "ဒါက Macauက Venetianရဲ့ လောင်းကစားရုံရဲ့ ideaကို ကူးချထားတာမလား မိုက်တော့မိုက်တယ်နော်"

ကျူလင်းလင်းက အရင်က သူမသူငယ်ချင်းတွေနဲ့ Macauကို အလည်သွားဖူးပြီး ဒီပုံစံကို မြင်တွေ့ခဲ့တာဖြစ်တယ်

အချစ်​စတင်​ခဲ့ရာ(Volume 3)Donde viven las historias. Descúbrelo ahora