588

128 20 1
                                    

သူမက သူ့ကိုသာ ဂရုစိုက်တယ် ၈

"ဟုတ်တယ် ကျွန်မတို့ ဒီနေ့ ရှင့်ရောဂါအကြောင်းမပြောဘဲ သောက်ကြမယ်"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ အရက်က ရှင့်စိုးရိမ်မှုတွေ အကုန် ပြေပျောက်စေနိုင်တယ် ရှင်မူးနေချိန်မှာ ကျွန်မ ဘာဓာတ်ပုံမှ မရိုက်ပါဘူး ကျွန်မက ကျွမ်းကျင်တဲ့သူပါ"

"ကျွန်တော် သိပါတယ်"
နိယန် နူးညံ့စွာ ဖြေလိုက်သည်။

"ဒါဆို ရှင်သောက်မှာလား မသောက်ဘူးလား ကျွန်မ ရှင့်ဆုံးဖြတ်ချက်ကို လေးစားမှာပါ ကျွန်မကို ယုံရင် ထိုင်ပြီး လာသောက်လှည့်ပါ ရှင်စိုးရိမ်နေရင်လဲ ကျွန်မနားလည်ပါတယ် ရှင်က နာမည်ကျော်ကြားတဲ့သူဆိုတော့ ရှင့်မန်နေဂျာ ယင်ကျီ တွေ့သွားရင် ကျွန်မကို မေ့သွားလောက်အောင် ကျိန်ဆဲနေမှာ မြင်ယောင်တယ်"
ဟော်မြန် ရယ်မောလိုက်သည်။ သူမ ခေါ်ပြောခံရကာ အဆူခံရနိုင်မှန်း သိပေမဲ့ သူမရဲ့ ကံကောင်းမှုကို စမ်းကြည့်ချင်သေးသည်။

ငါးစက္ကန့်မျှ တိတ်ဆိတ်နေပြီးနောက် နိယန် ခေါင်းမော့လာသည်။ သူ့မျက်လုံးတို့ကလဲ ကြည်လင်နေလေသည်။

"ဒါဆိုလဲ သောက်ကြတာပေါ့"

သူ အခုတလော စိတ်ဓာတ်အရမ်းကျနေမိတာ မှန်ပေသည်။ ယင်ကျီက သူ့ကို အရမ်းတင်းကျပ်ကာ သူ့ကို ဘယ်အရက်ကိုမှ သောက်ခွင့်မပြုပေ။

ဘာလို့လဲဆိုတော့ သူသောက်ပြီးနောက် မူးသွားကာ idolတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးမိမှာ စိုးရိမ်နေလို့ပင်။ အဲ့တာက သူ့ကောင်းကျိုးအတွက် ယင်ကျီက လုပ်သည်ကိုလဲ သူအသေအချာကို သိနေပါသည်။

ဒါကြောင့် သူပြန်အထွန့်မတက်ခဲ့ပေ။ ဒီနေ့မှာတော့ ဟော်မြန်က ဝိုင်ယူလာကာ သူအရမ်းလုပ်ချင်နေခဲ့တဲ့ အရက်သောက်ခြင်းကို လုပ်ဖို့ ဖိတ်ခေါ်ခဲ့သည်။

သူအ ငယ်ရွယ်နေသေးကာ ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေလေသည်။
သူ့ရဲ့ ဖြူစင်လှတဲ့ ဟော်မုန်းတို့ကလဲ တက်ကြွနေလေ၏။

သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်သောက်နေကြလေသည်။

ဟော်မြန်က ရဲရင့်တဲ့ မြောက်ပိုင်းသူဖြစ်ကာ အရက်ဂျိုးဖြစ်သည်။

အချစ်​စတင်​ခဲ့ရာ(Volume 3)Nơi câu chuyện tồn tại. Hãy khám phá bây giờ