အခန်း (၄)

3.6K 331 14
                                    

"မောင်ရေ ထတော့လေကွယ် အလုပ်ရှိတယ်ဆို"

ပါးပြင်ပေါ်ကိုကျရောက်လာတဲ့ ခပ်နွေးနွေးနှုတ်ခမ်းရဲ့အနမ်းကြောင့် သူပြုံးမိသွားသည်။ ခြုံထားသောစောင်ထူထူအောက်ကလက်ကိုဆွဲထုတ်လိုက်ကာ ပါးပြင်ကိုအနမ်းပေးနေသော မမကို အိပ်ရာပေါ်ဆွဲချလိုက်မိသည်။

"ကဲ ကြည့်ပါလား နိုးနေတာကိုမထဘူးကွယ်"

မိမိ၏ခန္ဓာကိုယ်ပေါ်ကိုဖိထားသလိုဖြစ်နေသော မမရဲ့သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးကိုဖက်ကာ ခဏငြိမ်နေနေလိုက်သည်။

မနက်မိုးလင်းလာတိုင်းအချစ်ရဲ့အငွေ့အသက်တွေ လွှမ်းခြုံနေရတာဟာလည်း ကံကောင်းမှုတစ်ခုပင်။ သူ့အလိုကျ ခဏလေးငြိမ်ငြိမ်နေပေးပြီးတော့ မမက

"မောင် ထတော့လို့ မနက်စာလဲအဆင်သင့်ဖြစ်နေပြီ မမလည်းဆေးရုံသွားရဦးမယ် မောင်လိုက်ပို့မယ်ဆို နောက်ကျရင် မမဘာသာသွားလိုက်မှာနော်"

"ထပါပြီ မမရယ်"

အိပ်ရာကထလိုက်ပြီး မမကိုပေါင်ပေါ်တင်ကာ အနမ်းပေးဖို့ကြိုးစားလိုက်ပေမဲ့ မမကခေါင်းရှောင်ကာ

"မျက်နှာလဲမသစ်ရသေးပဲနဲ့ကွာ မညစ်ပတ်ပါနဲ့မောင်ရေ လွှတ်ပါတော့ ကိုယ်လက်သန့်စင်ပြီးဖြစ်ဖြစ် ရေချိုးမှာဆိုရင်လည်း မြန်မြန်လေးလုပ်တော့"

"မောင်ကို အနမ်းမခိုင်းရင် မမနမ်းပေး"

"အဆိုးလေး တကယ်ဂျီကြတယ်"

မျက်နှာအနှံ့ကို မမရဲ့ဝင်သက်ထွက်သက်လေးတွေဖြတ်သန်းသွားတော့ သူကျေနပ်စွာပြုံးလိုက်မိသည်။

"မမ ထမင်းစားခန်းမှာစောင့်နေမယ်နော် သွက်သွက်လေး လုပ်ခဲ့နော် မောင်"

သူခေါင်းညိမ့်ပြကာ ရေချိုးခန်းထဲဝင်လိုက်သည်။ မျက်နှာသစ်ရုံလို့ပဲစဉ်းစားထားပေမဲ့ မထူးတော့တာမို့ရေချိုးဖို့ပြင်လိုက်သည်။ ညအိပ်ဝတ်ခါးစည်းကြိုးကိုဖြေချလိုက်တော့ flat is hot ဟုတင်စားရလောက်အောင် ခပ်မိုက်မိုက် ခန္ဓာကိုယ်ကမှန်ပုံရိပ်မှာတွေ့မြင်ရသည်။

ရုတ်တရတ် လက်မောင်းမှာထင်းနေသော အစင်းလိုက် လက်သည်းရာ အမာရွတ်မှိန်မှိန်လေးကိုတွေ့လိုက်တော့ သူစိတ်ညစ်ညူးသွားမိသည်။

Dandelion Where stories live. Discover now