အခန်း (၁၃)

2.7K 243 8
                                    

မအားလပ်၍ ဆေးခန်းကိုလိုက်မပို့နိုင်ဟု ဖုန်းဆက်ကာ ပြောသောကြောင့် မိမိဘာသာလာခဲ့သော်လည်း ဆေးခန်းအထွက်မှာတော့ ဖုန်းထဲတွင်ရှိသည့်တစ်ခုထဲသော နံပါတ်လေးက ဖုန်းဝင်လာသောကြောင့် ကိုင်လိုက်တော့

"တို့ ဆေးခန်းအရှေ့မှာစောင့်နေတယ်နော် တို့ကားကိုမှတ်မိတယ်မလား"

ဆေးခန်းနှင့်မလှမ်းမကမ်းက လမ်းထိပ်နားတွင်ရပ်ထားသော ကားအနက်ရောင်ကကားအဖြူတွေကြားမှာ ထင်းလို့နေသည်။ လမ်းကိုဖြေးဖြေးချင်းလျှောက်သွားသွားကာ ကားအနားရောက်တော့မှာ ကားမှန်ကိုအသာအယာခေါက်မိသည်။

တံခါးဖွင့်ပြီးဝင်လိုက်တော့ ရင်းနှီးနေကျ ရေမွှေးရနံ့တွေကိုရသည်။ နူးညံ့နေသောအကြည့်ဖြင့် ချောမောသော မျက်နှာကိုမြင်ရသည်။ အနည်းငယ်နွမ်းနယ်နေပုံရသော သူ့ပုံစံက သိပ်မလန်းဆန်းသလိုပင်။ ဘာရယ်မဟုတ်ပါပဲနှင့် စကားတချို့ကိုဆိုလိုက်မိသည်။

"ရှင် နေမကောင်ဘူးလား"

"မဟုတ်ပါဘူး ဘာဖြစ်လို့လဲ ထူးထူးခြားခြား တို့ကိုစကားအရင်ပြောနေတယ်"

ထိုအမျိုးသမီး၍အပြုံးလှလှဟာ နှုတ်ခမ်းမှာထင်ပေါ်လာတော့ ချောမောနေသောမျက်နှာဟာပိုလို့ပင်ဆွဲဆောင်မှုရှိသွားသည်။ ဘေးတိုက်အနေအထားကခပ်ချောချောမျက်နှာကို ငေးကြည့်မိကာ တဆက်ထဲတွေးလိုက်မိတာက ဤအမျိုးသမီး၏ပိုင်ရှင်ဆိုလျှင်ရော ဤအမျိုးသမီးကို ဘယ်လောက်မြတ်နိုးလိုက်လေမလဲဟု။

ထိတ်လန့်တုန်လှုပ်မှု အားနာရှက်ရွံ့မှု ကြောက်လန့်မှုနှင့်အတူ အမည်မသိသောခံစားချက်အချို့ဟာ ရင်ထဲတွင်ဘောင်ဘင်ခတ်လို့နေလေသည်။

"တို့ဘာမှမဖြစ်ပါဘူး အလုပ်တွေနည်းနည်းများပြီး အိပ်ရေးမဝလို့ဖြစ်ပါလိမ့်မယ်"

ထိုအမျိုးသမီးဟာ စကားပြောဖို့ကို ဝန်လေးနေတတ်သောသူ့ရဲ့အမူအကျင့်ကိုသိနေသည့်အလား သူ့ရဲ့မေးခွန်းကို သူကိုယ်တိုင်ကပဲအဖြေပြန်ပေးသွားလေသည်။

"ဆရာဝန်ကဘာတဲ့လဲ"

"ကောင်းတယ်တဲ့"

ကားထဲမှာစကားသံတို့တိတ်ဆိတ်လို့သွားပြန်သည်။ သူနှင့်ကိုယ့်ကြားမှာကလည်းပြောစရာစကားမရှိဘူးမလား။ ရင်းရင်းနှီးနှီးပြောဆိုနေရလောက်အောင် ရင်းနှီးနေတာမျိုးမဟုတ်ပေမဲ့ မရင်းနှီးဘူးလားဆိုတော့လဲမဟုတ်ပြန်ပေ။ ပြောရခက်နားလည်ရခက်ခဲသော ဆက်နွယ်မှုပင်။

Dandelion Where stories live. Discover now