အခန်း (၂၁)

2.8K 233 7
                                    

အိပ်ရာကနိုးကတည်းက နေလို့မကောင်းသလို စိတ်ကမကြည်ပေ။ ညနက်သည့်အထိ အိပ်မပျော်သောကြောင့် အိပ်ရာထနောက်ကျသလို လူကလဲမလန်းဆန်း။ ရေချိုးလိုက်သော်လဲ လူကလန်းပေမဲ့ စိတ်ကမလန်း တထင့်ထင့်ဖြစ်လို့နေသည်။

မမဆီကိုဖုန်းဆက်လိုက်တော့ အဒေါ်ဖြစ်သူလဲနေကောင်းနေပြီ မမလဲအဆင်ပြေတယ်ဆိုတဲ့စကားကြားရတော့ စိတ်ပူတာအနည်းငယ်လျော့သွားရသည်။

အလုပ်ကိုသွားပြန်တော့လဲ စာရင်းတွေမှားကာငွေကွာဟမှုတွေကြောင့် ပြန်စစ်ခိုင်းရပြီး အလုပ်တွေရှုပ်တော့ စိတ်က ပို၍မွန်းကြပ်လာသည်။

မနက်ဆယ်နာရီထိုးခါနီးမှာတော့ သမုဒယနွယ်ဆီကိုသွားရမည်ဆိုပြီးထွက်လာခဲ့မိသည်။ ကားပိတ်လူပိတ်နှင့် အချိန်အနည်းငယ်တောင်မှနောက်ကျသွားသေးသည်။
တက်နေကျလှေကားကနေ အခန်းစီကိုတက်လာခဲ့တော့ ပုံမှန်မဟုတ်သောခံစားမှုက ပိုပြင်းထန်လာသည်။

တံခါးဘဲလ်ကိုတီးလိုက်ပေမဲ့ တော်တော်ကြာသည်အထိ ထွက်မလာတော့ စိတ်ပူမှုကအထွတ်အထိပ်ရောက်လာသည်။ တစ်ခုခုများဖြစ်နေလေသလားဟု ဖုန်းဆက်တော့လဲ အခန်းထဲက ဖုန်းမြည်သံသဲ့သဲ့ကိုကြားရတော့ သူပို၍စိတ်ပူသွားမိသည်။

တံခါးရဲ့ လျှို့ဝှက်နံပါတ်ကို မြန်မြန်ရိုက်ထည့်လိုက်ကာ ဖွင့်ဝင်လိုက်တော့ အခန်းဟာနဂိုအတိုင်း။

"သမုဒယနွယ်!"

ခပ်ကျယ်ကျယ်အော်လိုက်မိပေမဲ့လို့ ပြန်ထူးသံကိုမကြားရ။ အိပ်ခန်း ရေချိုးခန်း မီးဖိုချောင်နေရာအနှံ့ကိုဝင်ကြည့်ခဲ့ပေမဲ့လို့ ဘယ်သူကိုမတွေ့ခဲ့ရ။ ရုတ်တရတ်ထိတ်လန့်သွားရသလို သွေးပျက်သွားသလိုခံစားလိုက်ရသည်။
နှလုံးသားကိုဖျစ်ညှစ်နေသလို ခံစားချက်ကနာကျင်သလို ရင်ထဲမှာ ဗလောင်ဆူလျက်။

ဖုန်းခေါ်လိုက်တော့ စားပွဲပေါ်ကဖုန်းသေးသေးဟာအသံမြည်လာသည်။ ဧည့်ခန်းရဲ့စားပွဲပေါ်ကဖုန်းလေးဟာ အသံမြည်နေပေမဲ့ ကိုင်သူမဲ့လို့။ ဖုန်းရဲ့အောက်မှာတော့ စာအိတ်တစ်အိတ်ကိုတွေ့လိုက်ရတော့ သူထူပူသွားကာ အလျင်အမြန်ယူဖတ်လိုက်မိသည်။

Dandelion Where stories live. Discover now